တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၂၇             တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၊  YACL အစည်းအဝေးခန်းမ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(ခရီးသည်)၊ လေဆိပ်ပို့ကုန်(MCS)၊ လေဆိပ် သွင်းကုန် (YACL) တို့တွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တရား

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ဩဂုတ် ၂၆    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အကောင်အထည်ဖော်တည်ဆောက်ခဲ့သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်ပွဲအခမ်းအနားအား ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ CRI Myanmar သတင်းဌာနမှ တွေ့ဆုံမေးမြန်းခြင်း

သတင်းထောက်         -       ပြည်ထောင်စုဝန်ကြီးက ကွမ်ကျိုးခရိုင်ရဲ့ တယ်ဟုန် လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်တွေကို သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာကုန်သွယ် ရေးဇုန် တည်ဆောက်ဖို့အတွက် ဘယ်လိုအတွေးအမြင် တွေရှိပါသလဲ? ပြီးတော့တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအတွက်ဘယ်လိုအတွေးအခေါ်တွေ ရှိပါသလဲရှင်?

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဩဂုတ် ၂၆    ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ စက်မှုဆိပ်ကမ်း(MIP) သို့ရောက်ရှိကာ ဆိပ်ကမ်းအတွင်း ကုန်သေတ္တာများ X-ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခြင်းနှင့်  Export တင်ပို့မည့် CMP ပစ္စည်းများ မျက်မြင်ဖွင့်ဖောက်စစ်ဆေးနေမှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့သည်။

( ၇ ) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ နောက်ဆုံးနေ့မြန်မာပြခန်းများ ဆက်လက်ပါ၀င်ပြသပြီး စီးပွားရေးနှင့်နည်းပညာပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုး

နေပြည်တော်၊ ဩဂုတ်လ ၂၀ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center တွင်ကျင်းပပြုလုပ်နေသည့် (၇)ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ၏ နောက်ဆုံးနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံပြခန်းများ ဆက်လက်ပါ၀င်ပြသရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။ မြန်မာပြခန်းသို့ လာရောက်ကြသူများအား မြန်မာ့ထုတ်ကုန်များဖြစ်သည့် ကော်ဖီ၊ လက်ဖက်စို၊ လက်ဖက်ခြောက်၊ ဇီးဖျော်ရည်နှင့် စားသောက်ကုန်များကို မိတ်ဆက်ကျွေးမွေး၍ ဈေးကွက်ရရှ

နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်၊ ၂၀၂၃ ခုနှစ်  ဩဂုတ်လ ၁၂  ရက်

  နိုင်ငံတော်အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့ နေ့လယ်ပိုင်းတွင် အရန်ဆန်ဝယ်ယူရေးကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူများ လိုက်ပါ၍ ဒုတိယအကြိမ် ဝယ်ယူစုဆောင်းနေသည့် နိုင်ငံတော်အရန်ဆန်များ စုဆောင်းထားရှိမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

လျှပ်စစ်သုံးယာဉ်အတွက် အားသွင်းစက်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

  အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Myanmar Brilliance Auto Co., Ltd. မှ တင်သွင်းလာ‌သော လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger, 60 KW) (၁၀) ခုသည် ရန်ကုန် ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့်      (၂၁-၆-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပါကြောင်းနှင့် အဆိုပါ လျှပ်စစ်သုံးမော်တော်ယာဉ်နှင့် လျှပ်စစ်သုံးယာဉ်အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။