နောက်ဆုံးရ သတင်း
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)၊ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကားပြောကြား
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၄/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် နေ့၊ မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန (၁)၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး အမှာစကားပြောကြားခဲ့သည်။
ပြည်ပပို့ကုန်တင်ပို့မှု အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံနီးပါး ဆောင်ရွက်နိုင်ပြီးဖြစ်
နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒီဇင်ဘာလဆန်းအထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စာရင်းအရ ပို့ကုန်အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံနီးပါးထိ တင်ပို့နိုင်ပြီးဖြစ် ပါသည်။ ယခုနှစ်တွင် မတ်ပဲ၊ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ရော်ဘာ၊ ပဲစဉ်းငုံ၊ နှမ်း၊ မြေပဲနှင့် ကြက်သွန်နီ၊ နနွင်းတက်၊ မန်ကျည်းသီး၊ ဂျင်းခြောက်၊ ဝဥ၊ ကြက်ဆူစေ့၊ ကော်ဖီစေ့၊ သီဟိုစေ့၊ ဝါ၊ ပီလောပီနံ၊ ဖရဲ၊ သခွား၊ သရက်၊ တစ်သျှူးငှက်ပျော လယ်ယာထွက်ကုန်များ စုံလင်စွာ တင်ပို့နိုင် သကဲ့သို့ ရေထွက်ပစ္စည်းကဏ္ဍမှ ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ငါးရှဉ့်၊ ငါးလေးခြောက်၊ ငါးခြောက်များ တင်ပို့လျက်ရှိပါသည်။
လျှပ်စစ်သုံးယာဉ်များနှင့် လျှပ်စစ်သုံးဆိုင်ကယ်များရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. မှ တင်သွင်းလာသော MG MG4 အမျိုးအစားလျှပ်စစ်သုံးယာဉ်များ၊ Myanmar Great Motor Co., Ltd. တင်သွင်းလာသော Karry Cowfish ၊ Karry Dolphin ၊Karry Elephenအမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့် Myanmar ArrThit Man Motor Co., Ltd.မှ တင်သွင်းလာသော AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် (၄-၁၀-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်။
အသိပေးကြေညာချက်
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း(Online Sales)လုပ်ငန်းမှတ်ပုံတင်ခြင်းအား eComReg System (https://www.ecomreg.gov.mm)တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့မှ စတင်အသုံးပြု မှတ်ပုံတင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
သိရှိလိုက်နာရမည့်အချက်များအား သတင်းလွှာဖြင့် ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါ သည်။
ကုန်သွယ်ရေးဦးစီးဌာန
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ ၂ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မူပိုင်ခွင့်ဦးစီးဌာနနှင့် မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် ဖွဲ့စည်းမှု၊ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့ကြသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြား
နေပြည်တော်၊ စက်တင်ဘာ ၁ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမ (၆) လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁ ရက် နေ့၊ (၀၉:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
