တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ်ဆိပ်ကမ်းများအား ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဩဂုတ် ၂၆ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့ စက်မှုဆိပ်ကမ်း(MIP) သို့ရောက်ရှိကာ ဆိပ်ကမ်းအတွင်း ကုန်သေတ္တာများ X-ray စက်ဖြင့် ဖြတ်သန်းစစ်ဆေးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီး ဆိပ်ကမ်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခြင်းနှင့် Export တင်ပို့မည့် CMP ပစ္စည်းများ မျက်မြင်ဖွင့်ဖောက်စစ်ဆေးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
