China- ASEAN Sugar Expo 2023 သို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ ပါဝင်ပြသရန်ဖိတ်ကြား
China – ASEAN Sugar Expo 2023 ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Nanning International Convention and Exhibition Center ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များမှ ပြခန်းများ ပါဝင် ပြသရန် ဖိတ်ကြားလာပါသည်။
ကုန်စည်ပြပွဲ ကျင်းပပြုလုပ်ခြင်းမှာ သကြားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းနှင့် နိုင်ငံတကာရှိ သကြားလုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများအကြား စီးပွားရေးချိတ်ဆက်မှုကို မြှင့်တင်ပေးရန်နှင့် သကြားနှင့် ဆက်စပ်သောထုတ်ကုန်များနှင့် ကုန်ကြမ်းများ ဝယ်ယူမှုတို့ကို လွယ်ကူချောမွေ့စေရန်ဖြစ်ပါသည်။
