တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဒီဇင်ဘာလ ၁ ရက်မှ ၁၂ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၀.၈၁၈) သန်း၊ သွင်းကုန်ကန်ဒေါ်လာ (၃.၀၅၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ (၃.၈၇၅) သန်းဆောင်ရွက်နိုင်ခဲ့သည်။
၁၂-၁၂-၂၀၂၃ ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ထောပတ်သီး (၈၈) တန်၊ ကြက်သွန်နီ (၁၅) တန်၊ လိမ္မော်သီး (၁၃.၂) တန်နှင့် စက္ကူဖြတ်စ (၂၄) တန်တို့ တင်ပို့နိုင်ခဲ့သည်။
