admin_ygn

မြန်မာနိုင်ငံသည် လူဦးရေ   ၅၄  ဒသမ၂၆  သန်းကျော်ရှိပြီး ကမ္ဘာတွင် လူဦးရေအလိုက်၌အဆင့်မှာ  (၂၆)တွင်ရှိသည်။  သို့ဖြစ်၍ ပြည်တွင်းဈေးကွက်အတွက် စားသုံးနှုန်းမှာ  မနည်းလှဟုဆိုနိုင် သည်။ မြန်မာနိုင်ငံသည်  ဆန်စားသုံးမှုတွင်ဆိုလျှင် ကမ္ဘာတွင် အတော်အတန်မြင့်မားပြီး လူတစ်ဦးစားသုံးနှုန်းမှာ မြန်မာနိုင်ငံ ဆန် စပါးအဖွဲ့၏ သုတေသနလေ့လာချက်အရ ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိ သည်ဟုဆိုသည်။  အဆိုပါစားသုံးနှုန်းဖြင့်ဆိုပါက လူဦးရေ ၅၄ ဒသမ ၂၆ သန်းအတွက် ဆန်တန် ၈ ဒသမ ၅ သန်းခန့်လိုအပ်မည်ဖြစ်သည်။ ထို့ပြင် ဆန်ဖြင့်ပြုလုပ်သော    အခြားစားစရာများအတွက

admin_ygn

ထိုင်းနိုင်ငံမှ ၂၂ ဘီးနောက်တွဲပါ ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ခြောက်နိုင်ငံက အတည် ပြုထားသည့် Cross-broder Transport Agreement သဘောတူညီချက် တစ်စိတ် တစ်ပိုင်းဖြစ်သော မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ခြင်း (logistics) တိုးတက်ရေးကို အထောက်အကူပြုမည့် IICBTA( Initial Implementation o

admin_ygn

မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်တွင် နှမ်း မျိုးစုံ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။  မိုးနှမ်း များ အရည်အသွေးနှင့်ဝယ်လိုအားကြောင့် နှမ်းဈေးကျသွား သည်။ ယခုတစ်ပတ် ဖေဖော်ဝါရီ ၁၁ရက်တွင်  မကွေးကုန်စည် ဒိုင်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၉၀ဝ၀ဝ၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်း ဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၁၄၅၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် ထိပ်စ ကျပ် ၁၃၃၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စကျပ် ၁၂၈၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ် လျှင် ထိပ်စ ကျပ် ၁၂၅၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံး

admin_ygn

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိက မောင်းနှင်အားများထဲတွင်  တစ်ခုဖြစ်သည့် ကုန် သွယ်မှုကဏ္ဍကို    ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  တစ်ခု တည်းသာမက  စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သော ဌာနများ၊ အသင်းအဖွဲ့များအားလုံး ပါဝင်ဆောင်ရွက်ရခြင်း ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်  ကုန်သွယ်မှုဆောင်ရွက်ရာမှာ ကုန်သွယ်ဖက်နိုင်ငံများစွာရှိသည့်အနက်  တရုတ်နိုင်ငံသည် အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ပင်လယ်ရေကြောင်း သာမက  နယ်စပ်ကုန်သွယ်မှုကိုပါ အများဆုံးဆောင်ရွက် လျက်ရှိသည

admin_ygn

ဇန်နဝါရီ ၂၆ ရက်မှ  ဖေဖော်ဝါရီ ၁ ရက်သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၁၄၂၅၀ တန်ဖိုးရှိ ဘိလပ်မြေ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်  ဘိလပ်မြေတစ်မျိုးသာ  တင်သွင်းခဲ့ ကြောင်း သိရသည်။ ယခင်သီတင်းပတ်က ဘိလပ်မြေတန်ချိန် ၅၈၀ ကျော်တင်သွင်း ခဲ့ခြင်းကြောင့်  ယခုတစ်ပတ်  တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၅၀ဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့သည်။ ဇန်နဝါရီ ၂၅ ရက် မှ ၃၁ ရက်အတွင်း နယ်စပ်လမ်းမှဘိလပ်မြေအဝင်မှာ တန်ချိန် ၂၃၈၄၀ ကျော်ရှိခဲ့ပြီး ယခင်သီတင်းပတ်က ဘိလပ်မြေအဝင်မှာ တန်ချိန် ၉၄၇၀ကျော်ရှိခဲ့ခြင်းကြောင့်   ယခုတစ်ပတ်မှ

admin_ygn

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၆တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀ဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၂၀ဝ၀၊  ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၂၀ဝ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၂၅၀ နှင့် မြန်မာ-အိန္ဒိယနယ်စပ်  တမူးကုန် သွယ်ရေးစခန်းမှ  ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ်  တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်   တန်ချိန် ၃၅၀ဝ နီးပါး

admin_ygn

လူသားများအတွက် လွန်စွာဆေးဖက်ဝင်ပြီး များစွာအကျိုးပြု သည့် လျှော်ဖြူစေး(ခ) ဆေးကုလားမရရှိသော လျှော်ဖြူပင်၏ မူရင်း ဒေသမှာ မြန်မာနိုင်ငံဖြစ်သည်။ ၎င်းလျှော်ဖြူပင်သည် မြန်မာနိုင်ငံ အနှံ့အပြားတွင်ပေါက်ရောက်၍  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးရိုးမတောင်များအပြင် အနောက်ရိုးမအစပ်တောင်တန်းများနှင့် ရှမ်းရိုးမအစပ်တောင်တန်း များတွင် အများဆုံးတွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် လျှော်ဖြူပင်မျိုးများသည် ရိုးတန်အနီပင်၊ ရိုးတန်အစိမ်းပင်၊ အခေါက် ဖြူနှင့် အညိုပင်စသည်ဖြင့် နေရာဒေသအလိုက် တွေ့ရှိရသော်လည်း အစေးထွက်ရှိမှုနှင့် အစေးသဘာဝ&nbsp

admin_ygn

ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များ အခွန်ကင်းလွတ်ခွင့်ဖြင့် စတင်ပြီး တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။ ထိုင်းနိုင်ငံ၏မူဝါဒအရ ဖေဖော်ဝါရီ၁ ရက်မှ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းဆန်များ ပြန်လည် တင်ပို့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလမှ ဇန်နဝါရီလကုန်အထိ ငါးလတာခန့် ဝယ်ယူမှု ရပ်ဆိုင်းလေ့ရှိကြောင်း အဆိုပါအသင်း အတွင်းရေးမှူး ဦးသန့်ဇင်ထွန်းက ဖေဖော်ဝါရီ ၄ ရက်တွင် ပြောသည်။

 

admin_ygn

ပြည်တွင်းမှ ထွက်ရှိသည့် ကြက်သွန်နီအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်လို အားများနေသည့်အတွက် ကြက်သွန်နီဈေးများ မြင့်တက်လျက်ရှိကြောင်း သိရ သည်။ ယင်းကဲ့သို့ ဝယ်လိုအားများနေသည့်အတွက် ပြည်တွင်းကြက်သွန်နီ ဈေးနှုန်းအပြောင်း အလဲ ဖြစ်ပေါ်နိုင်သော်လည်း ယင်းအပြောင်းအလဲမှာ အိန္ဒိယ နိုင်ငံမှထုတ်ပြန်မည့် ကြက်သွန် နီနှင့် ပတ်သက်သော ကြေညာချက်ပေါ်မူတည် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စားဖိုဆောင်သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

 

admin_ygn

တရုတ်နိုင်ငံ ဝူဟန်မြို့တွင်လက်ရှိ ဖြစ်ပွားနေ သော ကိုရိုနာဗိုင်းရပ်စ်ကြောင့် မူဆယ်နယ်စပ်ဂိတ်၌ ဝယ်လက်များ မရှိတော့သည့်အတွက် ဖရဲနှင့် သခွား မွှေး တန်ချိန် ခုနစ်သိန်းခန့်တင်ပို့ရန် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ ဗဟိုအသင်း   ဥက္ကဋ္ဌ ဦးနိုင်ဝင်းက တညင်းကုန်းဈေး  တိုက် ၁၇ သုံးလွှာ၌ ဇန်နဝါရီ ၂၉ ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်သို့ တစ်နှစ်လျှင် ဖရဲသီး တန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် တစ်သိန်းခွဲကျော် နှစ်စဉ် တင်ပို့လျက်ရှိရာတွင် ယခု ၂၀၂၀ ပြည့်နှစ်၌ ဖရဲတန်ခ