admin_ygn

ကိုဗစ်-၁၉ ကြောင့် ကုန်သွယ်မှုများ နှေးကွေးခဲ့သော် လည်း   ပြည်ပရေထွက်ကုန်  တင်ပို့မှုမြင့်တက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကြောင့် တရုတ်နိုင်ငံနှင့် အဓိက ကုန်သွယ်နေသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ရေထွက် ကုန် တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်ပွားခဲ့သော်လည်း ထိုင်းနှင့် တရုတ်နိုင်ငံသို့ တင်ပို့မူမှာ ရပ်ဆိုင်းသွားမှုမရှိခြင်း၊ ကောင်းမွန် သည့် ထုတ်လုပ်မှုကျင့်စဉ်ဖြင့် ဆောင်ရွက်ထားသည့် ထုတ်ကုန် များကြောင့် ဈေးကွက်ပျောက်မသွားခြင်း၊ ပြည်တွင်း၌ ပြည်ပ သို့တင်ပို့ကုန်များ အလုံအလောက် ရှိနေခြင်း

admin_ygn

မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ   တရုတ်နိုင်ငံသို့ နေ့စဉ် သစ်သီးဝလံများ  တင်ပို့လျက်ရှိရာ ဇွန် ၁ ရက်မှ ၁၅ ရက်အထိ ဖရဲ၊ သခွားတင်ပို့မှုမရှိသော်လည်း သရက် ၁၁၈၁၁ တန် တင်ပို့နိုင်ခဲ့သည်။ ဇွန်လပထမပတ်နှင့်  ဒုတိယပတ်တင်ပို့မှုနှိုင်းယှဉ်လျှင် ဇွန် ၁ ရက် မှ ၇ ရက်ထိ ခုနစ်ရက်အတွင်း သရက်တင်ပို့ကားစီးရေ ၁၀ဝ၁ စီး၊ ၆၈၄၈ တန်ဖြစ်ပြီး ဇွန် ၈ ရက်မှ ၁၅ ရက်ထိ ကားစီးရေ ၇၁၇ စီး ၄၉၆၃ တန်ဖြစ် သည့်အတွက် ဇွန်လပထမပတ်တွင် သရက်တင်ပို့မှု ၁၈၈၅ တန် လျော့ နည်းခဲ့သည်။

admin_ygn

ယခုတစ်ပတ်  ပြည်ဈေးကွက်တွင် နှမ်းအဝင် မရှိသော်လည်း လှောင်နှမ်းလက်ကျန်များဖြင့် ရက်ခြားသာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ နွေနှမ်းများ ပေါ်ချိန်ဖြစ်သော်လည်း တချို့တောင်သူများက မိုးကြိုနှမ်းနှင့် မိုးနှမ်းစိုက်ပျိုးရန်အတွက် မျိုးအဖြစ်ပြန်ထားကြသဖြင့် ဈေးကွက်သို့ရောက်ရှိမလာသည်ကို တွေ့ရသည်။ ဈေးကွက်တွင် အရောင်းအဝယ်မှာ လှောင်နှမ်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေသည်။ ယခုတစ်ပတ် နှမ်းနီမှာ ဒေသတွင်း ဆီစက်သမားများက အဝယ် ပြန်လိုက်လာ၍ တစ်တင်းလျှင် ကျပ် ၃၉၀ဝ၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးမြင့်ပြီး အိတ် ၅၀-၆၀ ခန့်သာ ရက်ခြား အရောင်းအဝယ်ဖြစ်သည် ကိုတွေ့ရသည်။ နှမ်းနက်မှာ ဝယ်လက်ပါးသွားသည့်အတွက် တစ

admin_ygn

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတကုန်စည်ဒိုင်တွင် ဇွန်လ ဒုတိယပတ်က မတ်ပဲဈေးအနည်းငယ်အေးသွားသော်လည်း ဇွန် ၁၄ ရက်မှစ၍ တရိပ်ရိပ်ဈေးမြင့်တက်ခဲ့ရာ ဇွန် ၁၈ ရက်တွင်ကျပ် ၃၁၇၀ဝ  ဈေးပေါက်ခဲ့သည်။ ယခင်သီတင်းပတ်ထက် ကျပ် ၁၄၀ဝ မြင့်တက်ခဲ့ကာ အိတ် ၁၅၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ အတက်မှန်းသည့် အတွက် အဝယ်များပြီး အရောင်းအားနည်းခဲ့သည်။ ဇွန်လ ဒုတိယပတ်က တစ်တင်းလျှင် ကျပ်၁၁၂၀ဝ ဈေးပေါက်ခဲ့သော အစေ့ထုတ်ပြောင်းသည် ဇွန်လ တတိယပတ်တွင်လည်းကျပ် ၁၁၂၀ဝ ဈေးတွင် တည်ငြိမ်လျက်ရှိသည်။ ပဲတီစိမ်း(ဆီပြောင်) တစ်တင်းလျှင် ကျပ် ၃၆၅၀ဝ ဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပဲတီစိမ်း(ဝါးခယ်မ) တစ်တင်းလျှင် ကျပ်၃၅၀ဝ၀ ဖြင့် အရောင်း အဝယ်

admin_ygn

မေ ၃၁ ရက်မှ ဇွန် ၆ ရက်   သီတင်းပတ်အတွင်း  အမေရိကန်ဒေါ်လာ ၅၂၈၁၉၄၀ တန်ဖိုးရှိ ဓာတ်ဆီ၂၇၅၁၅ဒသမ ၅၅ တန်နှင့် အမေရိကန်ဒေါ်လာ ၂၈၃၅၉၃၈၈ တန်ဖိုးရှိ ဒီဇယ် ၉၅၅၉၇ ဒသမ ၁၄ တန်၊ စုစုပေါင်း ၁၂၃၁၁၂ ဒသမ ၆၉ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့သည်။  ယခင်သီတင်းပတ်က ဓာတ်ဆီ ၃၀၂၅၈ ဒသမ ၂၅ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်  တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၇၄၂ ဒသမ ၅၀ တန် တင်သွင်းမှုလျော့ နည်းခဲ့ပြီး ယခင်သီတင်းပတ်က ဒီဇယ်တန်ချိန် ၄၆၄၉၇ ဒသမ ၆၈ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၄၉၀၉၉ ဒသမ ၄၆ တန်ပိုမိုတင်သွင်းခဲ့ကြောင်း သ

admin_ygn

ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ရေနံချောင်း၊ ပခုက္ကူ၊ အောင်လံနယ်တို့မှ   ပိဿာ ၃၀ ဝင်အိတ် ၃၀ဝ-၃၅၀ ခန့် ဝင်ရောက်မှုရှိနေပြီး ပခုက္ကူနယ်ဘက်မှ   ကြက်သွန်နီများ အရည်အသွေးကောင်းသဖြင့် ပိုမိုဝင်ရောက်မှုရှိနေသည်။အောင်လံနယ်ဘက်မှ ကြက်သွန်နီမှာ အရည်အသွေး အနည်းငယ်ညံ့သဖြင့် အိတ် ၅၀ ခန့်သာဝင်ရောက်မှုရှိကြောင်း သိရသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှု၏ထက် ဝက်ခန့်သာ ရောင်းဝယ်မှုရှိနေပြီး အရည်အသွေးပေါ် မူတည် ကာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ပခုက္ကူ၊ ရေနံ ချောင်း ကြက်သွန်နီအစများကို စားသုံးသူပြည်သူများ အကြိုက်တွေ့သဖြင့် ပိုမိုရောင်းဝယ်မှုရှိနေသည်။  ဈေးနှုန်းများအနေဖြင့် ပွဲရုံလက

admin_ygn

ဟင်္သာတခရိုင်အတွင်းရှိ ဟင်္သာတ၊ ဇလွန်၊လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် ယခင် နွေဧည့်မထစပါး တင်း ၁၀ဝ လျှင် ကျပ် ၅၃၀ဝ၀ဝ၊ ၅၅၀ဝ၀ဝ မှ ယခုစပါးဈေး ကျပ် ၅၄၀ဝ၀ဝ၊ ၅၆၀ဝ၀ဝ ဈေးဖြစ်သွား၍စပါးတင်း ၁၀ဝ လျှင်ကျပ် ၁၀ဝ၀ဝ ဝန်းကျင် ဈေးမြင့်တက်သွားသည်။  မအူပင်ခရိုင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များတွင် ယခင်နွေဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀ဝလျှင် ကျပ် ၅၄၈၀ဝ၀ ဝန်းကျင်ဈေးမှ ယခုဈေး  ကျပ် ၅၇၀ဝ၀ဝ ဖြစ်သွားသည့်အတွက်  စပါးတင်း ၁၀ဝ လျှင် ကျပ် ၂၀ဝ၀ဝ ခန့်ဈေးနှုန်း မြင့်တက်သွားကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။ ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်အတွင်းရှိ

admin_ygn

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဖရဲ၊ သခွားရောင်းဝယ်မှုများ ပြန်လည် ကောင်းမွန်စပြုလာပြီဖြစ်ပြီး ၃၀ ရာခိုင်နှုန်းခန့် အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံကုန်စည် ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင်က မတ် ၆ ရက်တွင် ပြောသည်။ လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွား နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန် ရောဂါကြောင့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ရပ်တန့်လုနီးပါးဖြစ်နေသည် မှာ ရက်ပေါင်း ၂၀ ကျော်ထိ ရှိလာပြီ ဖြစ်သည်။

 

admin_ygn

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား နယ်စပ်ဈေးများ ဖွင့်လှစ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၈-၅-၂၀၁၂ ရက် တွင် လက်မှတ်ရေးထိုးခဲ့ပြီး  ပထမအကြိမ် မြန်မာ-အိန္ဒိယ နယ်စပ် ဈေးပူးတွဲကော်မတီအစည်းအဝေးကို ၁၈-၁၀-၂၀၁၂ ရက်တွင် မြန်မာနိုင်ငံ နေပြည်တော်၌ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော  စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ  ငါးနေရာနှင့် ချင်းပြည်နယ်အတွင်းရှိ ငါးနေရာ စုစုပေါင်း ၁၀ နေရာအား  နယ်စပ်ဈေးများ ဖွင့်လှစ် သွားရန်မူအားဖြင့် သဘောတူခဲ့ကြသည်။ နယ်စပ်ဈေး (Border Haats) ဆိုသည့်  ဝေါဟာရနှင့် လုပ်ငန်းစဉ်များကို မိမိတို့အနေ

admin_ygn

အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် နှစ်သိန်းကို သတ်မှတ် ကာလထက်ပို၍ ရက်အပိုပေးတင်သွင်းရန်ရှိနေကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။ ယင်းနိုင်ငံသို့ မတ်ပဲတင်သွင်းမှုကို ယခင်ဘဏ္ဍာနှစ် အတိုင်း အချိန်အကန့်အသတ်ဖြင့် တင်သွင်းခွင့်ပြုခဲ့သော် လည်း အိန္ဒိယကုမ္ပဏီများက အချိန်ကို ထပ်မံ ပေးရန် တောင်း ဆိုခဲ့သောကြောင့် သတ်မှတ်ကာလအတွင်း တင်သွင်းခြင်း မပြုနိုင်သည့်ပဲများကို ဒေသန္တရအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ဆက် လက် တင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောသည်။