admin_ygn

     မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ တရုတ်ပြည်သို့ တင်ပို့နေသော ဖရဲ၊ သခွားမွှေးသစ်သီးကုန်များ ဈေး ကွက်ထဲတွင် များစွာဝင်ရောက်နေသော်လည်း အရည်အသွေးမကောင်းသည်က များ၍ ယခင်နှစ်ကာလထက် တရုတ်ဘက်က ဝယ်လိုအား ကျဆင်းနေကြောင်း သိရသည်။ အရင်နှစ်ထက် ဝယ်လိုအား နည်းနည်းကျတယ်။ သစ်သီးတွေက တော့ အများကြီးဝင်တယ်။ ဝင်လာတဲ့ အရည်အသွေးတွေက သိပ်မကောင်း ဘူး။ နယ်စပ်မှာလည်း တခြားအသီးတွေက များနေတယ်။ ထိုင်းကလာတဲ့ အသီးအနှံတွေလည်း ဝင်နေတယ်။ ၁၁ လပိုင်းကုန်ရင်တော့ ဝယ်လိုအား လည်း တက်လာမယ်ထင်တာပဲဟု ဖရဲ၊ သခွားစိုက်ပျိုး ထုတ်လုပ်သူများ အဖွဲ့မှ ဦးစိုင်းခင်မောင်က နိုဝင်ဘာ ၁၅ ရက်တွင် ပြောဆိုသည်။ ဖရဲ၊ သခွားသစ်သီးများသည

admin_ygn

        မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ၂၀၁၇- ၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ ၅၈ မီလီယံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး မြန်မာ့ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊  စက်ပိုင်၊ ကုန်သည် ပွဲစားများ၊ ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတင်ပို့ လာ နိုင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်များကတော့ တ

admin_ygn

      မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံ ဝင် ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အရည်အသွေးနှင့် ဝယ်လိုအား ကြောင့် နှမ်းနက်(စမုံ/ဂွနက်)၊ နှမ်းဖြူဈေးတက်သွားသည်။ မကွေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် နိုဝင်ဘာ ၁၃ ရက် နှမ်းနက် (စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၂၄၇၀ဝ၀၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အလတ်စ ကျပ် ၂၃၀ဝ၀ဝ၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၈၀ဝ၀၊ နှမ်းဖြူရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၅၀ဝ၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

admin_ygn

        ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်း ပြည်နယ် အောင်ပန်းမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာ ၁၅ ရက် တွင် အောင်ပန်းမြို့မှ  ဝင်ရောက်လာ သော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အာလူး A1 ကျပ် ၇၅၀၊ အာလူးOK ကျပ် ၉၀ဝ၊ အာလူး  S1 ကျပ် ၁၀ဝ၀၊ အာလူး S2 ကျပ် ၁၁၀ဝ ဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ   ယခင် တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၂၅၀၊ အာလူး S2 ကျပ် ၃၅၀၊ အာလူး OK နှင့် S1 မှာ ကျပ် ၃၃၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း  ကုန် စည်ဒိုင်ဈေးကွက်မှ သိရသည်။ ရန်ကုန်မြို့ဒေသအတွင်း  လက် လီပြန်လည်ရောင်းချသူများနှင့် အာလူး  ကြော်လုပ်ငန်းရှင်များက&nbs

admin_ygn

      မော်လမြိုင်မြို့ပေါ်တွင် အောက်တိုဘာ ၂၉ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပဲတစ်တင်းဈေးနှုန်းမှာ ပဲတီစိမ်း ကျပ် ၃၅၀ဝ၀၊ ပဲလွန်း ကျပ်၂၂၀ဝ၀၊ မတ်ပဲကျပ် ၃၂၀ဝ၀၊ ဘိုကိတ်  ကျပ် ၂၁၀ဝ၀၊ ပဲထောပတ် ကျပ် ၃၈၀ဝ၀ နှင့် ပဲပုပ် ကျပ် ၂၂၀ဝ၀ ရှိကြောင်းသိရှိရသည်။ ယခု နိုဝင်ဘာ ၁၃ ရက်တွင်   ပဲတစ်တင်းဈေးနှုန်းမှာ ပဲတီစိမ်း ကျပ် ၃၆၂၀ဝ ၊ ပဲလွမ်း ကျပ် ၂၂၀ဝ၀ ၊ မတ်ပဲ ကျပ် ၃၄၂၀ဝ ၊  ဗိုလ်ကိတ် ကျပ် ၂၃၃၀ဝ ၊ ပဲထောပတ် ကျပ် ၃၉၆၀ဝ နှင့် ပဲပုပ်ကျပ် ၂၂၇၀ဝ  ဖြစ်ပေါ်နေသည့်အတွက် လက်ကျန် နည် းပါးနေသော ပဲလွမ်းတစ်မျိုးတည်းသာ ယခင်ဈေးနှုန်း အတိုင်း ဈေးငြိမ်နေပြီး ပဲတီစိမ်းတစ်တင်း ကျပ် ၁၂၀ဝ၊ မတ်ပဲ တစ်တင်း က

admin_ygn

      သီတင်းကျွတ်လို့ မိုးလေကင်းလာတဲ့  ခုလိုအချိန်ရောက်တိုင်း ကွတ်ခိုင်တောင်တန်းတွေကို အားမာန်နဲ့တက်ပြီး မူဆယ်ကိုရောက်လာနေကြ သီးနှံကတော့ ဖရဲ၊ သခွားပဲ ဖြစ်ပါတယ်။ ဝယ်လက်တရုတ်ကလည်း သူတို့ကိုယ်တိုင် ပြည်တွင်းမှာရင်းနှီးပြီး စိုက်ပျိုးထုတ်လုပ်လာသလို မြန်မာပြည်ကထွက်သမျှ ဖရဲသီးတွေကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရဲ့ သစ်သီးဝလံကုန်စည်ဒိုင်မှာ ဈေးနှုန်းလေးတွေချိန်ဆပြီး   ဝိုင်းအားပေးနေကြဆိုတော့ နှင်းတွေဝေနေတုန်း  နံနက်ပိုင်းကပင် စတင်ပြီး စည်ကားလို့နေပါတယ်။ ဖရဲသခွားတွေဆိုတာကလည်း မြန်မာပြည်အနှံ့ကဆိုရလောက်အောင် ဝမ်းတွင်း၊ မိတ္ထီလာ၊ သာစည်၊ သီပေါ၊ သိန်းနီ၊ ကျောက်ဆ

admin_ygn

      ဆန်ကိုပင်လယ်ရေကြောင်းအပြင် နယ်စပ် ဒေသများမှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချ လျက်ရှိရာ    မြန်မာနိုင်ငံရဲ့  နယ်စပ်ကုန်သွယ်မှု ပမာဏ  စုစုပေါင်းရဲ့၈၀ရာခိုင်နှုန်းခန့် ဆောင်ရွက် နေတဲ့ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်း ရွှေဟော်၊ လွယ်ဂျယ်ဘက်ကနေ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ  တရုတ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်   ဆန်တင်ပို့နိုင်မှု   အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၂၈၂၉၂၅ ဒသမ ၇၅ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၃၆ သန်းဖြင့် စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ၂

admin_ygn

     ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ  ကြံခင်းဈေးတွင် နိုဝင်ဘာလပထမပတ် အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်များမှာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀၊ လက်ကားဈေး ကျပ် ၁၉၀ဝ၊ ကြက်သွန်နီ ယခင်လဈေး ကြီး၊ လတ်၊ သေး  ကျပ် ၂၅၀ဝ၊ ၂၀ဝ၀၊ ၁၇၀ဝ၊ ယခုဈေးနှုန်း ကျပ် (၂၇၀ဝ၊ ၂၅၀ဝ၊ ၂၀ဝ၀) ကြက်သွန်ဖြူကြူကုတ် ကျပ် ၅၀ဝ၀၊ ကြက်သွန်ဖြူရှမ်းစ ကျပ် ၄၂၀ဝ၊ ကုလားပဲခြမ်း ဈေးမှာ ကျပ် ၂၅၀ဝ၊ အာလူးဈေးနှုန်းမှာ ကျပ် ၁၄၀ဝ ဖြစ်ပြီး ချင်းဈေးနှုန်းမှာ ကျပ် ၂၃၀ဝ၊ မန် ကျည်းသီး ကျပ် (၄၂၀ဝ၊ ၃၇၀ဝ) ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။

admin_ygn

     ယခုတစ်ပတ်မန်ကျည်းမှည့် အဝယ်လိုက်ကာ ဈေးကောင်းရလျက်ရှိနေသည်။ ဒေသတွင်းဝယ်လက်သမားများသာ အဝယ် ရှိနေပြီး ယခုတစ်ပတ်အတွင်း ရန်ကုန် နှင့် ရခိုင်ဝယ်လက်တို့မှ အဝယ်ရှိနေခြင်းကြောင့် မန်ကျည်းမှည့်လက်ကျန် နည်း လာ သော်လည်း ဈေးကောင်းရလျက်ရှိသည်။ ယခုတစ်ပတ်မန်ကျည်းမှည့် (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၂၉၀ဝ ဖြစ်ပြီး ဒေသတွင်း လက်လီတစ်ပိဿာဈေး ကျပ် ၃၄၀ဝ ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိနေ သည်။ လက်လီသမားများလည်း အဝယ်ရှိနေခြင်းကြောင့် လှောင်သမားတို့၏ လက် ကျန် မန်ကျည်းမှည့် ဈေးကောင်းရလျက်ရှိကြောင်းသိရသည်။

 

နီနီဝင်း (ပြည်)

admin_ygn

     အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အတွင်း တမူးနယ်စပ်မှ အိန္ဒိယသို့ တင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းအမျိုးအစား များမှာ လယ်ယာထွက်ကုန်ပစ္စည်း၊ စက် မှုကုန်ကြမ်းပစ္စည်းများနှင့် အခြားပစ္စည်းများ တင်ပို့ကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သော  ကုလားပဲ၊ မတ်ပဲ၊ စားတော်ပဲ၊ ကွမ်းသီး၊ ပန်းသီး၊ စွန်ပလွံခြောက်၊ အုန်းသီး၊ ပြောင်းဖူးစေ့၊ ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့၏ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်းပေါင်း သုည ဒသမ ၄၉၂၊ ရေထွက် ပစ္စည်းမှာ ငါးခေါင်းပွဖြစ်ပြီး ပို့ကုန်တန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ သန်းပေါင်း ၆၄ ဒသမ ၄၅၀၊ စက်မှုကုန်ကြမ်းပစ္စည်းမှာ စီးကရက်၊ သကြားဖြ