admin_ygn

ကျောက်ဆည်ခရိုင် ငရုတ်စိုက်ပျိုးမှုနှင့် ဈေးကွက်အခြေအနေ

admin_ygn

သထုံခရိုင်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှု ဦးစီးဌာန၏စာရင်းများအရ ကြက်မောက်သီး စိုက် ဧက ၄၃၇ ဧက၊ အထွက်နှုန်းမှာ ၈၉၀ဝ၀ ပိဿာခန့် ရှိကြောင်းသိရသည်။ အဆိုပါ စိုက်ဧကများအနက် မှ သထုံခရိုင် သထုံမြို့ ဈေးမသွယ်ကျေးရွာရှိ  စံပြ  ကြက်မောက်သီး စိုက်ပျိုးရေး ဥယျာဉ်ခြံသို့ သထုံ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည်  ဧပြီ ၃ ရက် တွင် ကွင်းဆင်းလေ့လာခြင်း    ဆောင်ရွက်ခဲ့ရာ ကြက်မောက်သီးဒေသမျိုး နှစ်ဧကခန့် စိုက်ပျိုးထား ရှိပြီး အပင်သက်တမ်း ၁၁ နှစ်ခန့်ရှိကြောင်း သိရ သည်။   ကြက်မောက်သီးပင်များအား   သဘာဝ ဓာတ်မြေသြဇာများ ဖော်စပ်၍ စနစ်တကျ စိုက် ပျိုးထားပြီး အရည်အသွေးကောင်းသ

admin_ygn

ပဲခူးတိုင်းဒေသကြီး  ပြည်ဈေးကွက်တွင် ယခုတစ်ပတ် နှမ်းနီသာ ဆီစက်လုပ်ငန်းရှင်နှင့် အောင်လံ ဝယ်လက် များကြောင့် အရောင်းအဝယ်ဖြစ်ပြီး နှမ်းနက်မှာ အရောင်းအဝယ် နည်းပါးနေသည်။လတ်တလောကာလတွင် နှမ်းအဝင်မရှိဘဲ ယခင်လှောင်ထားသည့်နှမ်းများကို ပွဲရုံများမှထုတ်၍ ရောင်းချနေ သဖြင့် တစ်ရက်လျှင် နှမ်း ၄၅ ပိဿာဝင် အိတ် ၁၄၀-၁၅၀ ထိ အရောင်းအဝယ်ဖြစ်နေသည်။  ဇွန်လဆန်းတွင် နှမ်း ဈေးများမှာ နှမ်းနီ သုံးတင်းတစ်အိတ်လျှင် ကျပ်တစ်သိန်း၊ နှမ်းနက် သုံးတင်း တစ်အိတ်လျှင် ကျပ်တစ်သိန်းနှင့် စမုံနက်နှမ်း သုံးတင်းတစ်အိတ်လျှင် ကျပ် ၁၁၀ဝ၀ဝ ဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိသည်။    

ဝေဝေမင်း(ပြည်)

admin_ygn

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ကြက် သွန်နီများ အရောင်းအဝယ် လက်လီသာ အဓိက ရောင်းချရ ပြီး ဈေးအေးနေကြောင်း ကြက်သွန်နီဈေးကွက်မှ စုံစမ်းသိရှိရ သည်။“လက်ရှိ ကြက်သွန်နီသစ်တွေ မြို့မဈေး၊ ပျံကျဈေးနှင့် လက်လီဈေးကွက်ကို အဓိကရောင်းနေကြပြီး အချို့ဒေသခံ များက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ရောင်းချတာမျိုး လည်းရှိတယ်။ ဈေးအေးသည့်အတွက် ကြက်သွန်နီအသုံးများ သူများက ပိဿာ ရာဂဏန်းအထိ ဝယ်စုကြတာမျိုးလည်း ရှိတယ်}”ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ  ကြက်သွန်နီ လက်လီတစ်ပိသာလျှင်  ကျပ် ၄၀ဝ ပေါက်ဈေးရှိကာ လက်လီဈေးအေးနေကြောင်း ကြက် သွန်နီ လက်လီရောင်းသည့်အမျိုးသမီးတစ်ဦးထံမှ သိသည်။မကွေးတိုင်းဒေသကြီး ရေနံချေ

admin_ygn

ကယားပြည်နယ် သီရိမင်္ဂလာဈေးအတွင်း ဖြစ်ပေါ် နေသော စားသုံးဆီဈေးနှုန်းများမှာ  မြေပဲဆီ လက်လီ(စည်ပင် ဈေး)တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊ နှမ်းဆီလက်လီ(စည်ပင် ဈေး)   တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀၊   စားအုန်းဆီ လက်လီ (စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ ဈေးပေါက်ကြောင်း သိရသည်။ ယခင်နှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအနေဖြင့် မြေပဲဆီလက်လီ(စည်ပင်ဈေး)တစ်ပိဿာလျှင် ကျပ် ၆၀ဝ၀ ၊ နှမ်းဆီလက်လီ (စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၇၀ဝ၀ ၊   စားအုန်ဆီ လက်လီ(စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၂၄၀ဝ ဈေးပေါက်ခဲ့သောကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ် မည်ဆိုပါက မြေပဲဆီလက်လီ(စည်ပင်ဈေး) တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ခန်

admin_ygn

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်သို့ ငရုတ်သီး(အစို)တစ်တန်လျှင် ၆၅၀ ဒေါ်လာနှုန်းဖြင့် နေ့စဉ်ပျမ်းမျှ တန် ၈၀ ခန့်၊ ယာဉ်စီးရေ ၁၀ စီး၊ ၁၅ စီးဝန်းကျင် တင်ပို့လျက်ရှိသည်။ ထိုသို့တင်ပို့ရာတွင် မိမိနိုင်ငံစိုက်ပျိုးရေး ဦးစီး ဌာနက ထုတ် ပေးသည့် ပိုးမွှားကင်းစင်ကြောင်း Phytosanitary Certificate နှင့် ကုန်သွယ်ရေးဦးစီးဌာနကထုတ်ပေးသည့် တစ်ဖက်နိုင်ငံ အကောက် ခွန်သက်သာခွင့် CO Form, Form-D တို့နှင့်အတူ တင်ပို့ရသည်။ တစ်ဖက်နိုင်ငံ၏ ဝယ်ဈေးမှာ တစ်ကီလိုဘတ် ၅၀ မှ ဘတ် ၆၀ ဝန်းကျင်ပုံမှန်ရရှိပြီး ဈေးအမြင့်ဆုံးတစ်ကီလို ဘတ် ၈၀-၉၀ ရရှိ သည်။ တင်ပို့သော ငရုတ် သီး(အစို)၏ အရည်အသွေးပေါ်မူတည်ပြီး တစ်ဖက်နိုင

admin_ygn

ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဦးဆောင်၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင် များဖြစ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော စားသုံး သူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ပါဝင်သော စုပေါင်းအဖွဲ့ဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။  

admin_ygn

တောင်ကြီးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်အေးနေပြီး ဈေးငြိမ်နေ ကြောင်း သိရသည်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေသည့်ဈေးမှာ စိန်(ထိုင်း) ကျပ် ၈၀ဝ၀၊ အေသုံးလုံးကျပ် ၅၂၀ဝ၊ အပါချီ ကျပ် ၄၅၀ဝ၊ ကမ္ဘောဇ ကျပ် ၄၅၀ဝ၊ ကျားခေါင်း ကျပ် ၆၂၀ဝ၊ နဂါးကျပ် ၄၄၀ဝဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရသည်။ မန္တလေးဘိလပ်မြေဈေးကွက်၌ အရောင်းအဝယ်ပုံမှန်ဖြစ်လာကြောင်း သိရ သည်။ ယခုတစ်ပတ် ခရောင်း(၅၂၅)နှင့် ခရောင်း(၄၂၅) ကကျပ် ၃၀ဝ ဈေးမြင့်ခဲ့ပြီး အေသုံးလုံးကပစ္စည်းပြတ်ကာ ကျန်ဘိလပ်မြေများက   ယခင်တစ်ပတ်ဈေးအတိုင်း အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေသည့် ဈေးမှာ အေ