မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၂-၁၂-၂၀၂၃ မှ ၈-၁၂-၂၀၂၃ ရက်နေ့အထိ အများဆုံး တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ဂေါ်ဖီထုပ် (၁) တန်လျှင် (၂၁၀.၂၆၉) ဒေါ်လာဖြင့် (၈၁၈.၀၀၀) တန်၊ (၀.၁၇၂) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၂၀၉၁) ခု၊ (၀.၀၆၅) ဒေါ်လာသန်း၊ ငရုတ်သ
ကံပိုင်တည်ကုန်သွယ်ရေးစခန်းအနေဖြင့် တရုတ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း အမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၅.၁၆၉) ဒေါ်လာသန်းနှင့် သွင်းကုန် (၁.၂၀၂) ဒေါ်လာသန်း၊ စုစုပေါင်း (၆.၃၇၁) ဒေါ်လာသန်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော အား ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅) ဒေါ်လာ တို့ဖြင့် တန်ချိန် (၁၃၀၅၀) တန်၊ တန်ဖိုး (၄.၅၀၁) ဒေါ်လာသန်း၊ ရော်ဘာစိမ်းတင်ပို့မှု အနေဖြင့် တန်ချိန် (၁၉၃) တန်၊ တန်ဖိုး (၀.၂၆၁) ဒေါ်လာသန်း၊ ဖရဲသီး တန်ချိန် (၄၄၅) တန်၊ တန်ဖိုး (၀.၀၆၃) ဒေါ်လာသန်း၊ ရှောက်ကောပါကော တင်ပို့မှုအနေဖြင့် တန်ချိန် (၂၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းနှင့် ဆန်တန်ချိန် (၅၇၂) တန်၊ တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။
အများဆုံးတင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ သံပြား၊ သံပိုက်၊ မြက်ခင်းတု၊ ပန်သီး၊ လိမ္မော်သီး၊ ကြွေပြားနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပစ္စည်း တန်ချိန် (၃၉) တန်၊ တန်ဖိုး (၀.၁၃၁) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၃၁၁) တန်၊ တန်ဖိုး (၀.၈၇၂) ဒေါ်လာသန်း နှင့် လူသုံးကုန်ပစ္စည်း တန်ချိန် (၂၇၁) တန်၊ တန်ဖိုး (၀.၂၀၀) ဒေါ်လာသန်းတို့တင်သွင်းနိုင်ခဲ့သည်။
(DOT ကံပိုင်တည်)