admin_ygn

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း နနွင်း၄၃၈ ဒသမ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေရှ့် သို့ ၁၁၂ တန်၊ ဘယ်လ်ဂျီယံသို့ ၁၆၈ တန်၊ အိန္ဒိယ သို့ တန်ချိန် ၅၀၊ မလေးရှားသို့ ၆၈ ဒသမ၇၅ တန်နဲ့ စင်ကာပူသို့ တန်ချိန် ၄၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ဘယ်လ်ဂျီယံကို အများဆုံးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့တန်ချိန်မှာ တန်၉၀ ကျော် သာရှိ ခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် ၃၄၀ ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန် ဒေါ်လာ ၃၄၀၉၆၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါတယ်။     &nbsp

admin_ygn

အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေစဖော်ပြီး ဈေးကွက်သို့ နည်းနည်း ချင်းဝင်ရောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။  ယခင်နှစ်တွေက ချင်းဥမဖော်ရင် ချင်းဟောင်းတွေက ဈေးကွက်မှာ  မရှိတော့ပါဘူး။ ဒီနှစ်မှာတော့ အရောင်းအဝယ်က အေးတာကြောင့် ချင်းဥမ(အသစ်) တွေဝင်နေပေမယ့် ချင်းဟောင်းကလည်း ပစ္စည်း မပြတ်သေးဘူးလို့ သိရှိရပါတယ်။ ဒီနှစ်မှာတော့ Export  ကလည်းမရှိတာကြောင့် မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာတော့ အရောင်းအဝယ် အတော်လေးပါးတယ်လို့လည်း သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန်တစ်သောင်းခွဲ၊ နှစ်သောင်းခန့် နည်းနည်းချင်း ရောင်းနေရပြီး မကွေး၊ ပြည်၊မန္တလေး ဘက်ကဆွဲတယ်လို့ သိရှိရပါတယ်။ ချင်း ပေါက်ဈေးကတော့ တစ်ပိဿာချင်

admin_ygn

 မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းနဲ့ မြိတ် ကုန်သွယ်ရေးစခန်းများမှ ဇွန်လ ၁၈ ရက်မှ ၂၄ ရက်တာကာလအတွင်းမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈၆ သန်း တန်ဖိုးရှိ ရေချိုငါးမျိုးစုံ ၁၇၂၃ တန်ကို တင်ပို့ခဲ့ ပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်မှ ရေချိုငါးမျိုးစုံ ၄၂ တန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းမှ တန် ၃၉၀၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ၅၃၁၅ တန်ကို အသီးသီး တင်ပို့ခဲ့ပါတယ်။ မြဝတီကုန်သွယ်ရေးမှ ရေချိုငါးမျိုးစုံအပြင် ဂဏန်း ၁၃ တန်၊ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ပုဇွန် ၂ တန်ကျော်၊ ကင်းမွန် ၃ တန်ကျော်နဲ့ အခြားရေထွက် ၁၉ တန်ကျော် မြိတ်ကုန်သွယ်ရေး စခန်းမှ ငါးမှုန့် ၂၅၄ တန်ကျော် ရေငံပုဇွန

admin_ygn

နယ်စပ်ဒေသများရှိ လုပ်ငန်းရှင်ငယ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာစေရေးအတွက်  ပြည်တွင်းဝယ် လိုအားရှိတဲ့ တစ်ဖက်အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့်  တရုတ်နယ်စပ်)မှ မော်တော်ဆိုင်ကယ်များကို ITC ကတ်နဲ့ တင်သွင်းခွင့်ပြုလိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရ ပါတယ်။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် ကတITC ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို  မော်တော်ဆိုင်ကယ်တစ်စီးနှုန်းဖြင့် တစ်ပတ်လျှင် ငါးစီးအထိ တစ်ကြိမ် တည်းစုဆောင်းတင်သွင်းလိုပါကလည်း လိုင်စင်ဆောင်ရွက် ခွင့်ပြုပေးမယ်လို့ သိရပါတယ်။

admin_ygn

အင်းတော်မြို့နယ် ဒေသထွက်ကုန် နှင်းသီးများ မန္တလေးဈေးကွက်သို့ မှန်လုံ ကားကြီးများ နဲ့ တင်ပို့နေတာတွေ့ရပါတယ်။ နှစ်စဉ် ဇွန်၊ ဇူလိုင်လမှာ လှိုင်လှိုင် ပေါ်တဲ့ အင်းတော်နှင်းသီးများကို နှင်းသီးကုန်သည်များ တစ်ရွာဝင် တစ်ရွာထွက်ဝယ်ယူပြီး ပိသာငါးဆယ်ခန့် ကွမ်းခြင်းများဖြင့် တင်ပို့ကာ မန္တလေးပွဲရုံများသို့ တင်ပို့လျက်ရှိပါတယ်။ နှင်းသီးပေါက်ဈေးတစ်ပိသာ တစ်ထောင် ကျပ်ရှိတဲ့အတွက် နှင်းသီးစိုကမိသားစုများ ဝင်ငွေရနေ တာေ တွ့ရပါတယ်။''အင်းတော်မြို့နယ်အနေအထားက လယ်ယာမြေပေါများပေမယ့် ဥယျာဉ်ခြံမြေ နည်းပါး တာတွေ့ရပါတယ်။ နှင်းသီးပင်များကို  ဥယျာဉ်ခြံများမှာ စိုက်ပျိုးထားတာ မဟုတ်ဘဲ အိမ်ဝင်း များမှာ အရိပ်လည်းရ၊ငွေလည

admin_ygn

        ဇွန် ၁၁ ရက်မှ ၁၇ ရက်တာ သီတင်းပတ်အတွင်း မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၇၈ တန်ခွဲ၊ လွယ်ဂျယ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၅၄ သန်းဖိုးရှိ ပြောင်း ဖူးစေ့ ၁၅၆၅ တန်နဲ့ ချင်းရွှေဟော်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၈၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခန်းစုံမှ  ပြောင်းဖူးစေ့ ၁၁၉၁၃ တန်ခွဲ တင်ပို့ခဲ့လို့ ယခုတစ်ပတ်ပြောင်းတင်ပို့မှု ၂၁၈၄ တန်လျော့နည်းခဲ့ပါတယ်။ သယ်ယူ စရိတ်မှာ ယခုတစ်ပတ်တွင် ပြောင်းတစ်ပိဿာကို ၆၇-၆၈ကျ

admin_ygn

          မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ် ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ်  မေတွင် ပို့ကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ  ၁၀ ဒသမ ၄၅၇ သန်း၊ သွင်းကုန်ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ၁၃ ဒသမ  ၅၄၄ သန်းေ ဆာင်ရွက်ခဲ့သဖြင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၄၄ သန်း ဆောင်ရွက်ခဲ့ပါတယ်။ မြိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် အနီးစပ် ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ  ၁ ဒသမ ၁၆၉ သန်းပိုမိုဆောင်ရွက်ခဲ့တဲ့အပြင် ယမန် နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄၄ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်&nb

admin_ygn

        Export စနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ယခင်ကခွင့်ပြုခဲ့သည့်ကုန်ပစ္စည်း အမယ်များအပြင် နောက်ထပ်ကုန်ပစ္စည်းအမယ် ၁၄ မျိုးကိုပါ Re-export စနစ်ဖြင့် ကုန်သွယ်မှုပြုနိုင် ရန်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ Re-export  စနစ်ဖြင့် ထပ်မံခွင့်ပြုပေးလိုက်သည့် ကုန်ပစ္စည်းအမယ်များမှာ ကားတာယာ၊ နှမ်း(နှမ်းဖြူ၊နမ်းနက်) ငရုတ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချို ရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ၊ အဝတ် အထည်၊ စားသုံးဆီနှင့် ကြက်သွန်ဖြူတို့ဖြစ်ကြောင်း သိရသည်။

admin_ygn

       မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ  ၂၀၁၆ ခုနှစ်မေလအတွင်း  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  သုည ဒသမ ၀၆၇  သန်း ရှိပြီး အနီးစပ်ဆုံးကာလထက်  ကန် ဒေါ်လာ သုည ဒသမ ၃၉၈ သန်း၊ ယမန် နှစ်ကာလတူထက် ကန်ဒေါ်လာ သုည  ဒသမ ၂၅၅ သန်း လျော့နည်းဆောင် ရွက်နိုင်ခဲ့ပါတယ်။  အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ လျော့နည်း ရခြင်းမှာ  စစ်တွေမြို့မှာ  မေလအတွင်း  ဖြစ်ပေါ်ခဲ့တဲ့   ရွန်နုဆိုင် ကလုန်းမုန် တိုင်း တိုက်ခတ်မှုကြောင့် ပို့ကုန် သွင်း ကုန်လုပ်ငန်းများ  နှစ်ပတ်နီးပါးခန့်  ရပ်ဆိုင်းခဲ့ရခြင်း၊  ရေ