ပြောင်းတင်ပို့မှု အနည်းငယ်လျော့

        ဇွန် ၁၁ ရက်မှ ၁၇ ရက်တာ သီတင်းပတ်အတွင်း မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၉၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၉၇၈ တန်ခွဲ၊ လွယ်ဂျယ်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၅၄ သန်းဖိုးရှိ ပြောင်း ဖူးစေ့ ၁၅၆၅ တန်နဲ့ ချင်းရွှေဟော်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၄၆ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၁၈၅ တန် တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခန်းစုံမှ  ပြောင်းဖူးစေ့ ၁၁၉၁၃ တန်ခွဲ တင်ပို့ခဲ့လို့ ယခုတစ်ပတ်ပြောင်းတင်ပို့မှု ၂၁၈၄ တန်လျော့နည်းခဲ့ပါတယ်။ သယ်ယူ စရိတ်မှာ ယခုတစ်ပတ်တွင် ပြောင်းတစ်ပိဿာကို ၆၇-၆၈ကျပ်ရှိပြီး ကားဝင်ရောက်မှု ၃၆ စီးရှိတယ်လို့ သိရ ပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ဇွန် ၁၀ ရက်က  ပြောင်း တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေး ၂၉၉၅၅၂ ကျပ်ရှိခဲ့ပြီး ဇွန် ၁၇ ရက်တွင် ၂၉၃၈၆၁ ကျပ်သို့ ဈေးကျဆင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။

 

 မော်မော်အောင်