မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်းကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ် အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်၂၀၀၀ ေ ကျာ်ကို တင်ပို့ ခဲ့ပါတယ်။ မြဝတီနဲ့ မြိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှု လျော့နည်းခဲ့ သော်လည်း ကော့သောင်းစခန်းမှ ယခင်တစ်ပတ်ထက် တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။
တမူးကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၊ ပထမသုံး လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် လျာထားချက်မှာ ပို့ကုန်အမေရိကန် ဒေါ်လာရှစ်သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ သုံးသန်းဖြစ်ပြီး ကုန် သွယ်မှု ပမာဏအနေနဲ့ အမေရိကန်ဒေါ်လာ ၁၁ သန်း လျာထားတာ ဖြစ်ပါတယ်။ အမှန်ဆောင်ရွက်နိုင်မှုအနေနဲ့ ပို့ကုန်မှာ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၁၅၁ သန်း၊ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၂၆ သန်း ဆောင်ရွ က်နိုင်ခဲ့ပြီး ကုန်သွယ်မှုပမာဏအနေနဲ့ အမေ ရိကန်ဒေါ်လာ ၁၈ ဒသမ ၉၇၇ သန်း၊ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန် အနေနဲ့ လျာထားချက်အပေါ်မှာ ၁၅၁ ဒသမ ၈၉ ရာခိုင်နှုန်း၊ သွင်းကုန် အနေနဲ့ လျ
မြန်မာ-အိန္ဒိယ နယ်စပ်ဖြစ်တဲ့ တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ် ဆင့် Normal TT စနစ်နဲ့ ကွမ်းသီးများ တိုးတက်တင်ပို့လျက်ရှိနေပြီ ဖြစ်ပါ တယ်။ မြန်မာ-အိန္ဒိယနယ်စပ် တမူး-မို ရေးမှာ Normal TT စနစ်ဖြင့် ကုန်သွယ် မှု ဆောင်ရွက်နိုင်တဲ့ ကုမ္ပဏီအရေ အတွက် ဟာလည်း မြန်မာဘက်အနေနဲ့ ၁၁ ခုရှိပြီး အိန္ဒိယဘက်အနေနဲ့ ၁၀ ခု ရှိလာပြီဖြစ်ပါတယ်။
ဇူလိုင် ဒုတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၁၇၇၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နှမ်းရောင်စုံတွေကေ တာ့ နှမ်းဖြူ ၈၃၉ တန်ခွဲ၊ နှမ်းနက်တန် ၈၄၀ ကျော်နဲ့ နှမ်းညို ၉၂ တန် ဖြစ်ပါတယ်။ ယခင်သီတင်း ပတ်က ချင်းရွှေဟော်မှ နှမ်းဖြူ^နှမ်းနက် ၁၅၃၄ တန် ကျော်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ချင်းရွှေဟော်မှ နှမ်းပိုမိုတင် ပို့လာတာ တွေ့ရပါတယ်။
ဇူလိုင်လ တတိယပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၆၈၀၀၅၄ တန်ဖိုးရှိ ကြက်သွန်နီ ၂၇၁၇ တန်ခွဲ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၅၀၇၈၄ တန်ဖိုးရှိ ကြက်သွန်နီ ၄၄၈ တန်ခွဲနဲ့ တာချီလိတ်ကုန်သွယ်ရေးမှ အမေ ရိကန်ဒေါ်လာ ၂၅၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်မှတန် ၁၈၅၀ နဲ့ မြဝတီမှ တန် ၂၀၀ ကျော်သာ တင်ပို့နိုင် ခဲ့လို့ ယခုတစ်ပတ် ကြက်သွန်နီတင်ပို့မှုမှာ မူဆယ်ရောမြဝတီမှပါ ပိုမိုတင်ပိ
ရွှေလီမြစ်ကြောင်းတစ်လျှောက်ရှိ ကုန်ပစ္စည်း သယ်ယူရာ ဇက်ဆိပ်များတွင် ရေကြီးခြင်းကြောင့် မော်တော်ယာဉ်များ သွားလာ၍မရသဖြင့် တင်ပို့မရခဲ့တာ ကြောင့် ပြောင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ဇူလိုင်ဒုတိယပတ်တွင် တရုတ်နယ်စပ် စခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၈၀၃၃ တန်တင်ပို့ခဲ့ရာ မူဆယ်မှ ၄၉၉၈ တန်ခွဲ၊ လွယ်ဂျယ်မှ ၂၇၇၅ တန် ကျော်နဲ့ချင်းရွှေဟော်မှ တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းစုံမှ ပြောင်းဖူးစေ့ ၁၃၇၂၁ တန်ခွဲတင်ပို့ခဲ့တဲ့အတွက် ယခုတစ်
မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်းမျိုးစုံ ၂၀၁၅ တန်ခန့်ကိုတင်ပို့ခဲ့ပါတယ်။တစ်ဖက်နိုင်ငံ ရဲ့ ဝယ်လိုအားရှိတဲ့ ရေထွက်ကုန်ပစ္စည်းများကို မြဝတီကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၅၉ သန်း တန်ဖိုးရှိငါးမျိုးစုံ ၅၁ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၄သန်းတန်ဖိုးရှိ ကဏန်း ၁၃ တန်၊ အမေရိ ကန်ဒေါ်လာ သုညဒသမ ၀၁၇ သန်းတန်ဖိုးရှိ ပုစွန်နှစ်တန်ကိုလည်းကောင်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၇ သန်းတန်ဖိုးရှိငါးမျိုးစုံ ၁၂၁ တန်၊ အမေရိကန်ဒေါ်
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်မှ ဇူလိုင် ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄၇၁၇၅၀ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၁၈၅၀ နဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိမြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၆၆၃၈၇ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၂၀၀ ကျော် တင်ပို့ ခဲ့သလို တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၁၄၈၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူတန်ချိန် ၁၀၀ ကို တင်ပို့ခဲ့ပါတယ်။
ယခုဘဏ္ဍာနှစ် ဇူလိုင် ၉ရက်မှ ၁၅ရက်အထိ ရက်သတ္တပတ်အတွင်း ပို့ကုန်၊သွင်းကုန် အခြေအနေမှာ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၇ဒသမ ၀၉၂သန်း၊ သွင်းကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ ၃၀၉ဒသမ ၀၄ သန်း ဆောင်ရွကေ်နိုင်ခဲ့တဲ့အတွက် ကုန်သွယ် မှုပမာဏ အမေရိကန် ဒေါ်လာ ၅၈၆ ဒသမ၁၃၂သန်း ရရှိခဲ့ပါတယ်။ ကုန် သွယ်မှု လိုငွေမှာ ၃၁ ဒသမ ၉၄၈ သန်း ဖြစ်ပြီး ဆန်နဲ့ မတ်ပဲတင်ပို့မှုလျော့နည်း ခဲ့ခြင်းကြောင့် ဖြစ်ပါ တယ်။ယခု ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပို့ ကုန် ၁၄၆ဒသမ ၅၀၂သန်းနဲ့ ကုန်သွယ် ရေးစခန်းများမှ ကုန်သွယ်မှုမှာ ၁၃၀ ဒသမ ၅၉သန်း ဆောင်ရွက်နိုင်ခဲ့ပြီး၊ ပို့ကုန်စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၀၉၂သန်း၊ သွင
ဇူလိုင် ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေ သြဇာ၁၄၄၈၄တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ ၁၅၇၃၅ တန် ဝင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၁၂၅၀ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်မြေသြဇာအဝင်မှာ ၂၄၄၅၈ တန်ကျော်ရှိခဲ့ပြီး၊ ယခင် တစ်ပတ်အဝင်မှာ ၃၇၄၆၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၀၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မန္တလေး၊ မော်လမြိုင်၊ မကွေးနဲ့ တောင်ကြီးမှာ ဈေးနည်းနည်းကျလာ တယ်လို့သိရပါတယ် ။ မော်လမြိုင်ဈေးကွက် မှ