မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးဇုန်မှ သြဂုတ် တတိယပတ်တွင် အမေရိကန် ဒေါ်လာ ၁၇၉၀၃ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆တန်နီးပါး တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၄၃တန်ခွဲ တင်ပို့ ခဲ့လို့ မြန် မာ နိုင်ငံမှထွက်ရှိတဲ့ လက်ဖက်ခြောက်တွေကို ထိုင်းနိုင်ငံသို့ ပုံမှန်တင်ပို့နေတာကို တွေ့ရပါတယ်။
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၅၀၁ သန်းတန်ဖိုးရှိ သကြား ၂၆၃၄၅ တန်ခွဲ တင်ပို့ခဲ့သလို ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ လည်း အမေရိကန် ဒေါ်လာ ၅၀၁၀၀ တန်ဖိုးရှိ သကြား ၈၃ တန်ခွဲတင်ပို့ခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်၊ ချင်းရွှေ ဟော်နဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ သြဂုတ်လ ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၈၂ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၇၀၄၉ တန်ကျော် တင် ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မူဆယ်မှ ၁၄၅၆၇ တန်ကျော်၊ ချင်းရွှေဟော်မှ ၁၁၈၃ တန်၊ လွယ်ဂျယ် မှ ၅၂၄ တန်နဲ့ ကန်ပိုက်တီးမှ ၇၇၅ တန်ဖြစ်ပါတယ်။ ယခင် သီတင်းပတ်က အဆိုပါစခန်းလေးခုမှ တင်ပို့ တဲ့ ပြောင်းတန်ချိန် ၁၄၂၃၃ တန်ခွဲရှိလို့ ယခုတစ်ပတ်ပြောင်း ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်တွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင် လျှောက်ထားခြင်းစနစ် (Fully Online Licensing System) ကို သြဂုတ်လအတွင်းမှစတင်၍ ကျင့်သုံးတော့မည် ဖြစ်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်၏ ဇူ လိုင် ၂၉ရက်က ကျင်းပခဲ့သည့် ကုန်သွယ်မှုမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။ အဆိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခြင်းစနစ်ကို အပြည့်အ၀ ကျင့်သုံးနိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ် ခြင်းနှင့် e-Token ရောင်း ချခြင်း လုပ်ငန်းရပ်များကို သြဂုတ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်တွင် စတင်ပြုလုပ်နိုင်ရန်အတွက် နေပြည်တော်ရှိ ကုန်သွယ်ရေးဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရ
တမူးကုန်သွယ်ရေးစခန်းမှ ဇူလိုင်လအတွင်း ပို့ကုန်တင်ပို့ရန် လျာ ထားချက်မှာ အမေရိကန်ဒေါ်လာ သုံးသန်းဖြစ်ပြီး၊ သွင်းကုန် အမေရိကန် ဒေါ်လာတစ်သန်းနဲ့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးသန်း ဖြစ်ပါ တယ်။ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လျာထားချက် အပေါ် ပို့ကုန်အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၃၀ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ သုညဒသမ ၈၃၇ သန်းနဲ့ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ် လာ ၅ ဒသမ ၈၆၇ သန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လျာထားချက်ရဲ့ ၁၄၆ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ကျော်လွန်အကောင်အထည်ဖော်နိုင်ခဲ့တာ တွေ့ရပါတယ်။
ကော့သောင်း ကုန်သွယ်ရေး စခန်းသည် ဇူလိုင်လအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၇၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၈၀ သန်း ဆောင်ရွက်ခဲ့ပါ တယ်။ ယခင်နှစ်ကာလတူအောက် ကုန် သွယ် မှု အမေရိကန်ဒေါ်လာ သုညဒသမ ၉၅၀ သန်းနဲ့ အနီးစပ်ဆုံး ကာလဖြစ်တဲ့ ဇွန်လအောက် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၃၄၆ သန်း ကျဆင်းခဲ့ပါတယ်။ ကော့သောင်း ကုန်သွယ်ရေး စခန်းရဲ့ ကုန်သွယ်မှု ပမာဏက အနီး စပ်ဆုံးကာလအောက်ရော ယမန်နှစ် ကာလ တူအောက်ပါ ကျဆင်းရခြင်းမှာ ပို့ကုန်ပစ္စည်းဖြစ်တဲ့ ရေထွက် ကုန် ပစ္စည်း တင်ပို့မှု လျော့နည်းခြင်း၊ ယခုလ တွင် ယခင် ဘဏ္ဍာနှစ်များက တင်ပို့နိုင် ခြင်းမရှိတဲ့ မလိဝမ်ကျေးရွာမှ ေ ရာ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ဒုတိယပတ်တွင် အမေရိကန်ဒေါ်လာ ၂၉၁၅၀၀ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၁၁၀၀ ကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ ၁၂၅၆၇၉ တန်ဖိုးရှိ ကြက်သွန်နီ ၃၅၅ တန်ခွဲနဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီတန် ၁၀၀ ကို လည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။
မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ် ရေးစခန်းများနဲ့ ကုန်သွယ်ရေးဇုန်များမှ ဩဂုတ်လ ပထမပတ်အတွင်း အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၉၄၇ သန်း တန်ဖိုးရှိ ရေထွက်ပစ္စည်းမျိုးစုံတန်ချိန်၂၄၅၀ခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါ တ ယ်။ ဇူလိုင်နောက်ဆုံးပတ် အတွင်း တန်ချိန် ၂၄၀၂ တန်သာ တင်ပို့ခဲ့တဲ့ အတွက် ယခုတစ် ပတ်မှာ ၄၈ တန် ခန့် ပိုမိုတင်ပို့နိုင်တယ်လို့ ကုန်သွယ်ရေး စခန်းများမှသိရပါတယ်။ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းအလိုက် တင် ပို့မှု အခြေအနေကို ကည့်ပါက မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၂၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ငါးရှဉ့် ပုစွန်စုစုပေါင်း တန်ချိန်၈၅ တန်ခန့် ကိုလည်းက
သြဂုတ်လပထမပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ် လာ ၁၄၄၁၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၅၅၀၊ မြန်မာ - ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ အမေရိ ကန်ဒေါ်လာ ၁၈၇၁၀၀ တန်ဖိုးရှိ ကြက်သွန်နီ ၅၂၂ တန် ကျော်နဲ့ တာချီလိတ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅၃၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၂၀၀ တင်ပို့ခဲ့ပါတယ်။
မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန် သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေးစန်းများမှ ဇူလိုင် နောက်ဆုံးပတ်အတွင်း အမေရိ ကန် ဒေါ်လာ ၂ ဒသမ ၃၇၅ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်ချိန် ၂၄၀၀ ကျော် တင်ပို့ခဲ့ပါတယ်။ ဇူလိုင် တတိ ယ ပတ်ထက် ရေထွက်ကုန် တန် ၃၅၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။
