စက်တင်ဘာ ၁၇ရက်မှ ၂၃ ရက်သီတင်းပတ် အတွင်း မြန်မာ-အိန္ဒိယနယ်စပ် မှ အိန္ဒိယနိုင်ငံသို့ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂၃၀ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၁၂၀၀ကျော်ကို တင်ပို့ခဲ့ပါတယ်။ စက်တင်ဘာ ဒုတိယ ပတ်က ကွမ်းသီးတန် ၆၈၈ ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၆၀၀ ပိုမိုတင်ပို့နိုင်တယ်လို့ ကုန် သွယ်ရေးစခန်းမှသိရပါတယ်။ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၈၅ သန်း တန်ဖိုးရှိ ကွမ်းသီးတန် ၆၀၀ ကျော်နဲ့ ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၄၅ သန်းတန်ဖိုးရှိ ကွမ်းသီးတန် ၆၀၀ အသီးသီး တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် မှာ တမူးကုန်သွယ်ရေးစခန
စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် အထိ သီတင်းပတ်အတွင်း စစ်တွေ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၇၃ သန်းတန်ဖိုးရှိ ရေချိုငါးမြစ် ချင်း တန် ၇၀ ခန့် တင်ပို့ခဲ့ပါတယ်။ စ က်တင်ဘာလဆန်းပိုင်းမှစပြီး တင်ပို့ ခဲ့ခြင်းမရှိတဲ့ ရေချိုငါးမြစ်ချင်းများကို စက်တင်ဘာ တတိယပတ်မှသာ ပြန် လည်တင်ပို့နိုင်တာတွေ့ရပါတယ်။ ပြီးခဲ့ တဲ့ သြဂုတ်လတစ်လလုံးမှာ ရေချိုငါးမြစ်ချင်းတန် ၃၀၀ ကျော် တင်ပို့ခဲ့တယ် လို့ ကုန်သွယ်ရေးစခန်းမှ သိရပါတယ်။
မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ရေထွက်ကုန်ပစ္စည်း ၁၀၄၃ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉၈ သန်း တန်ဖိုးရှိ ရေထွက်ကုန် ၁၁၅၂ တန်ကျော် တင်ပို့ခဲ့တာ ကြောင့် ယခုတစ်ပတ်မှာ ရေထွက်ကုန်တန်ချိန်အနေနဲ့ ၁၀၉ တန်လျော့နည်းပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၂၆ သန်း ပိုမိုလာတာတွေ့ရပါတယ်။
တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC)ဖြင့်ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စပြီး တမူး ကုန်သွယ်ရေးစခန်းမှ စတင်၍ ခွင့်ပြုခဲ့ပါတယ်။ ကျန် ကုန်သွယ်ရေး စခန်းများတွင်လည်း ITC ကတ် နဲ့ ကုန်သွယ်မှု ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင် ဘာ ၉ ရက်အထိ ITC ကတ် ၅၅ ကတ်ထုတ်ပေးခဲ့ပါ တယ်။ ကုန်သွယ်ရေးစခန်းများ၌ ITCကတ်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ၂၉၂ ကတ်၊၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၆၁ ကတ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၁၅ ကတ် ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၆ကတ် စုစုပေါင်း ITC ၁၀၇၀ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ယခုတစ်ပတ် မူဆယ်ပြောင်းဈေးကွက်မှာ ပြောင်းဈေးငြိမ် နေပါတယ်။ ပြောင်းဈေးမှာ အပြောင်းအလဲမရှိဘဲ ယခင်တစ် ပတ်ကအတိုင်း ၅၀ ကီလိုပြောင်းတစ်အိတ်ကို ၈၃ ယွမ်မှ ၈၇ ယွမ်(တစ်တန် ၁၆၆၀ ယွမ်မှ ၁၇၄၀ ယွမ်)နဲ့ ယခုတစ်ပတ် မှာဆက်လက်ရောင်းချခဲ့ပါတယ်။ ယခုတစ်ပတ်မှာ တစ်ဖက် နိုင်ငံသို့ ပြောင်းတန်ချိန် တစ်သောင်းရှစ်ထောင်ခန့် ရောင်းချခဲ့ ရတာကြောင့် ယခင်တစ်ပတ်ထက်ပိုမိုရောင်းချခဲ့ရကြောင်း သိရ ပါတယ်။
မြင့်ဆွေ
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၀၁ သန်း တန်ဖိုးရှိ နှမ်းဖြူ ၆၀၆ တန်ကျော်နဲ့ နှမ်း နက် ၂၅၅၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် တစ် ပတ်က ချင်းရွှေဟော်မှ နှမ်းရောင်စုံ ၂၈၂၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုသီတင်းပတ်မှာ နှမ်း ၃၄၁ တန် ကျော်ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ ယခုတစ်ပတ် နှမ်းညို တင်ပို့မှု မရှိခဲ့ပါဘူး။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ေ ရးဇုန်မှ အမေရိကန်ဒေါ်လာ ၄၂၀၀၀ တန်ဖိုးရှိ နှမ်းနက် ၂၈ တန် တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က ၃၁ တန်ကျော် တင်ပို့ ခဲ့တာမို့ မြဝတီမှလည်း ယခုတစ်ပတ်မှာ နှမ်းပိ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၃၄၁၈၅ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၄၅ တန်ကျော်ကိုလည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ေ တွကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၄၀၀ တန်ဖိုးရှိ နနွင်းတက်(ကျောက်ဆည်) တစ်တန် ခွဲကိုလည်းကောင်းအသီးသီးတင်ပို့ခဲ့ကြပါတယ်။ မူဆယ်မှာနနွင်းတက်တစ်တန်ကို (ငွေလဲနှုန်းအရ) ၈၂၈၆၁၅ ကျပ်ခန့်ရှိပြီး စစ်ေ တွမှာတော့ ၁၉၃၁၈၄၀ ကျပ်ရှိတယ် လို့ သိရပါတယ်။ နနွင်းကို မိုးတွင်းကာလမှာ လယ်မြေအနီးတွင်လည်းကောင်း၊ ကျွန်းမြေနဲ့ မူးမြစ်ကမ်းဘေးမှာလည်းကောင်း၊ စိုက်ပျိုးကြပြီး နိုဝင်ဘာ၊ ဒီဇင်ဘ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄၆၇၈၅ တန်ဖိုးရှိ ချင်းခြောက် ၃၃ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၁ တန်သာ တင်ပို့ခဲ့လို့ ယခု တစ်ပတ်မှာ ချင်း ခြောက် ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ မူဆယ်မှာ ချင်းခြောက်တစ်တန်ကို (ငွေ လဲနှုန်းအရ) ၁၃၇၆၄၀၀ - ၂၁၃၂၃၇၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ စစ်တွေမှ အမေရိကန်ဒေါ်လာ ၉၁၂၀ တန်ဖိုးရှိ ချင်းစို ၁၂ တန်နဲ့ မောင်တောမှ အမေရိကန် ဒေါ်လာ ၈၉၆၄၉ တန်ဖိုးရှိ ချင်းစို ၃၇၃ တန်ကျော် တင်ပို့ခဲ့ကြောင်း၊ စစ်တွေမှာ ချင်းစိုတစ်တန်ကို (ငွေလဲနှုန်းအရ) ၉၂၁၈၈၀ ကျပ်ဈေးရှိကြောင်း၊ ယ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ် ရေးဇုန်မှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၈၈ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်းအမယ် ၁၄ မျိုးကို တန် ၅၀၀ နီးပါး တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးကုန်ကြမ်းတွေကတော့ တောချင်း၊ တောဂျူးမြစ်၊ ကွမ်းသီးခွံ၊ ကွမ်းစားဂမုန်း၊ ဆီးဆန်၊ နေလဲစေ့၊ ကြောင်လျှာစေ့၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက်၊ ချင်းခြောက်၊ နနွင်းတက်၊ ချဉ်ပေါင် ဖာလာနဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။အလားတူ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၁၂၁၁၀၀ တန်ဖိုးရှိ ကြက်ဆူစေ့ ၁၇၃ တန်ကိုလည်းကေ
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းလေးခုမှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၄၈၇၉ တန် ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မူဆယ်မှ ၁၂၇၄၂ တန်ခွဲ၊ လွယ်ဂျယ်မှ ၁၃၅၀ တန်၊ ချင်းရွှေဟော်မှ ၆၅၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၁၂၈ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေးခုပေါင်းမှ တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန် ၁၀၅၄၉ တန်ဖြစ်လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးထောင်ကျော် ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ စက်တင်ဘာ ၉ ရက်က ပြောင်းတစ်တန်က
