ဆင်းကတ်အသစ်ဝယ်ယူအသုံးပြုသူများအတွက် အပိုဆောင်းငွေနှင့် ထပ်ဆင့်အပိုဆောင်းငွေများရရှိမည့်အစီအစဉ်ကို အမ်ပီတီ စတင်

MPT ၏ ဆင်းကတ်အသစ်ကို စတင်သုံးစွဲသူများအတွက် အပိုဆောင်းငွေနှင့် ထပ်ဆင့်အပိုဆောင်းငွေများ ရရှိမည့်အစီအစဉ်ကို မတ် ၁၁ ရက်မှ စတင်လိုက် ကြောင်းMPT ၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါအစီအစဉ် အရ MPT ဆင်းကတ်အသစ်ကို စတင်အသုံးပြုချိန်တွင် အပိုဆောင်းငွေအဖြစ် ကျပ် ၅၀၀ စတင်ရရှိမည်ဖြစ်ပြီး  ထိုလက်ကျန်ငွေဖြင့် မည်သည့်ဝန်ဆောင်မှုကို မဆို ပြုလုပ်နိုင်မည်ဖြစ်သည်။ထို့ပြင် ဆင်းကတ် အသစ်တွင် ဖုန်းငွေဖြည့်ကတ်ဖြင့် လက်ကျန်ငွေ ဖြည့် သွင်းပါက ပထမဆုံးငွေဖြည့်ချိန်တွင် ငွေထည့်သွင်းသည့်ပမာဏအပေါ် မူတည် ပြီးအပိုဆောင်းငွေများထည့်သွင်းပေးမည်ဖြစ်ကာ တစ်လတစ်ကြိမ် လက်ကျန်ငွေ ထပ်မံဖြည့် သွင်းပါက အပိုဆောင်းငွေကို လေးလဆက်တိုက်ရရှိမည်ဖြစ်သည်။ယင်းအစီအစဉ်ကို Welcome Offer ဟု အမည်ပေးထားပြီး နံပါတ်အသစ် စတင်ချိန်မှ ရက်ပေါင်း ၃၀ အတွင်း အနည်းဆုံးလက်ကျန်ငွေ ကျပ် ၁၀၀၀ စတင်ဖြည့် သွင်းရမည်ဖြစ်သည်။ ထိုကဲ့သို့ ငွေစတင်ဖြည့်သွင်းမှသာလျှင်  ပထမဆုံးငွေ ဖြည့်သွင်းမှုအတွက် ထည့်သွင်းပေးမည့် ပထမဆုံးအကြိမ်အပိုဆောင်းငွေကို ရရှိ မည်ဖြစ်သည်။ ပထမဆုံးလက်ကျန်ငွေဖြည့် သွင်းချိန်တွင် ငွေပမာဏ များလေလေ နောက်ထပ် လေးလဆက်တိုက်ရရှိမည့် အပိုဆောင်းငွေပမာဏ များလေလေဖြစ် သည်။ အပိုဆောင်းငွေများအားရက်ပေါင်း ၃၀ အတွင်းMPT  ဖုန်းအချင်းချင်း ခေါ်ဆိုမှု၊ MPT  ဖုန်းအချင်းချင်း စာတိုပေးပို့ မှုနှင့် PayAsYouGo  ဒေတာအသုံးပြု မှုအတွက်သာ အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါအစီအစဉ်ပြီးဆုံးမည့် အချိန်ကာလကိုMPT  က ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မယ်သီတာ