ပြည်ပဲတီစိမ်း ဝယ်လိုအားကောင်းလာသော်လည်း ဈေးလျော့သွားခဲ့

    ဇူလိုင်လကုန်ပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းသစ်များ တစ်ရက်အိတ် ၂၀၀ ကျော်ထိ အများအပြား ဝင်ရောက် လာပြီဖြစ်ပါတယ်။ ပန်းတောင်း၊ ကံမ၊ ပေါက်ခေါင်း၊ ရွှေတောင်၊ ကျီးသဲ စတဲ့နယ်စုံမှ ဝင်ရောက်ခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် အိတ်အရေအတွက် သိသာစွာပိုလာတာဖြစ်ပါတယ်။
    ပဲအထွက်လှိုင်လာသော်လည်း ယခုရက်ပိုင်းတွင် မိုးများဆက်တိုက်ရွာသွန်းမှုကြောင့် ခူးဆွတ်သင့်သလောက် မခူးဆွတ်နိုင်သေးကြောင်း သိရပါတယ်။ သြဂုတ်လအတွင်းမှာ  ပဲအဝင် ပိုများလာနိုင်ပြီး ပဲဈေးနှုန်းကတော့ ယခုဈေးထက် မြင့်တက်လာ မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ယခုတစ်ပတ် ပြည်ပဲတီစိမ်းဈေးမှာ တစ်တင်း ၃၆၀၀၀ ကျပ်ဖြင့် ယခင်ပတ်ထက် တစ် တင်း ကျပ် ၄၀၀၀ ကျဆင်းသွားခဲ့ပါတယ်။ မန္တလေးဝယ်လက်အဝယ်လိုက်လို့ ဝင်လာသမျှပဲများကတော့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ခင်ဆွေဝင်း-ပြည်