တရုတ်နိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ ဆန်တန်ချိန် ၃၀၀၀ တင်ပို့နိုင်ရေး ဆောင်ရွက်မည်

     မြန်မာ-တရုတ် နယ်စပ် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်ထိ  ကာလအတွင်း ဆန်တင်ပို့မှု ပြန်လည်မြင့်တက် လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားပေါ်မူတည်ပြီး ဆန်တင်ပို့မှု  အနည်းအများ၊ အတိုး/အလျော့ ဖြစ်နေပြီး   ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၆ ဒသမ ၂၂၈ သန်းဖိုးရှိတဲ့   ဆန်တန်ချိန် ၁၆၃၄၀ ကျော် တင်ပို့ခဲ့တဲ့အတွက်   ယခင်တစ်ပတ်တင်ပို့မှုထက် ၁၀၈၉၄ တန် ပိုမို တင်ပို့နိုင်ကြောင်း သိရှိရပါတယ်။
     မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန် ၅၉၀၄ တန်ကျော်နဲ့ ဧည့်မထဆန် ၉၄၃၆ တန်ကျော်၊ လွယ်ဂျယ်စခန်းမှ ငစိန်ဆန် တန် ၁၀၀၀ တင်ပို့ခဲ့ပါတယ်။ တရုတ်နိုင်ငံကို တရား ဝင် လမ်းကြောင်းကနေ တန်ချိန် ၃၀၀၀ တင်ပို့နိုင်ဖို့ ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရှိရပါတယ်။ ယခုရက်ပိုင်းကတော့ မိုးရွာသွန်းမှုများနေတာကြောင့် အစို ပျံ နေလို့ အစိုဓာတ်ကို ပြန်ထိန်းနေပြီး ဒီလကုန်မှာတော့ တန်ချိန် ၃၀၀၀ ပြည့်မီအောင် တင်ပို့ဖို့နဲ့  နောက်ပိုင်းမှာတော့ အများပိုင်ကုမ္ပဏီ ၂၉ မှ ဆက်လက်တင်ပို့သွားမယ်လို့လည်း  သိရှိ ရပါတယ်။ ဧည့်မထ ၂၅ မှတ် ဆန်များကို စတင်တင်ပို့သွားမှာဖြစ်တယ်လို့ မူဆယ်ကုန်စည်ဒိုင်မှသိရှိရပါတယ်။ ဆန်အပြင် ကန်ဒေါ်လာ ၁ ဒသမ ၄၅၆ သန်းဖိုးရှိ ဆန်ကွဲ ၄၄၄၄တန်ကျော် ကို မူဆယ် (၁၀၅) မိုင်နဲ့ကန် ဒေါ်လာ ၀ ဒသမ ၃၂၀ သန်းဖိုးရှိ ဆန်ကွဲ တန် ၁၀၀၀ ကို လွယ်ဂျယ်မှ တင်ပို့ နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တန် ၄၀၀၀ ကျော်ပိုမိုတင်ပို့ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ ဆန်တင်ပို့မှုကတော့ ယခုတစ်ပတ်မှာ လျော့ကျ ခဲ့ပါတယ်။ ဇူလိုင်လ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၁၄ သန်းဖိုးရှိ ဆန်ကြမ်း ၁၄၂၁ တန်ကျော်ကို အီးယူနိုင်ငံများနဲ့ မလေးရှားနိုင်ငံကို  တင်ပို့ခဲ့ပါတယ်။ကန်ဒေါ်လာ သုည ဒသမ ၁၈၀ သန်းဖိုး ရှိ ငစိန်ဆန် ၄၂၃ တန်နဲ့  ကန်ဒေါ်လာ သုည ဒသမ ၃၃၄ သန်းဖိုးရှိ ဧည့်မထ ဆန် ၉၉၈ တန်တင်ပို့ခဲ့တာဖြစ်ပြီး ယခင်တစ်ပတ်  တင်ပို့မှုထက် ၁၈၆၇ တန် လျော့နည်းခဲ့ပါတယ်။ယခုတစ်ပတ်မှာ ပေါင်းဆန်တင်ပို့မှုမရှိတဲ့အတွက် လျော့နည်းရခြင်း ဖြစ်ပါ တယ်။ အီးယူနိုင်ငံများကို ဆန်အပြင် ဆန်ကွဲ ၂၉၇၅ တန်နဲ့ စင်ကာပူ နိုင်ငံကို ၄၂၅ တန် တင်ပို့ပြီး ဆန်ကွဲ တင်ပို့မှုမှ ဝင်ငွေဟာ ကန်ဒေါ်လာ ၉၁၀၉၅၀ ရှိတယ်လို့ သိရှိရပါတယ်။

 

MIRT