မြန်မာ-အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်းများအလိုက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်

မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် အင်ဒိုနီးရှားစီးပွားရေးလုပ်ငန်းရှင်များသည် ဇူလိုင် ၃၀ ရက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ချုပ်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပမည်ဖြစ် ကြောင်း သိရသည်။အဆိုပါတွေ့ဆုံဆွေးနွေးပွဲ ကို အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင State Owned Enterprises တို့၏ ဦး ဆောင်မှုဖြင့် အင်ဒိုနီးရှားကုမ္ပဏီ ၁၆ ခုတို့သည် မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာလုပ်ငန်းရှင်များနှင့်  စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။
ယင်းဆွေးနွေးပွဲတွင် အင်ဒိုနီးရှား စီးပွားရေးလုပ်ငန်းရှင်များသည် သတ္တုတွင်းထွက်လုပ်ငန်း၊ ဆောက်လုပ်ရေ လုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ် ငန်း၊ ကြေး နန်းနှင့် ဆက်သွယ်ရေး လုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ တိရစ္ဆာန်အစားအစာ ထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ ချည်မျှင်နှင့် အထည်လုပ်ငန်း ၊ လေေ ကြာင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း၊ မီးရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက် ပစ္စည်းကိရိယာနှင့် အပိုပစ္စည်း ထုတ်လုပ်သ ည့်လုပ်ငန်း စသည့်လုပ်ငန်းများကို မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပါသည်။အဆိုပါဆွေးနွေးပွဲ သို့ တက်ရောက်လိုသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်UMFCCI ရုံးချုပ်၊ နိုင်ငံတကာ ဆက်ဆံရေးဌာန၊ ဖုန်း- ၀၁၂၃၀၁၅၃၄ သို့ဆက်သွယ်၍စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
မယ်သီတာ