ကလေး-တမူး-ကလေး၀ လမ်းမကြီးပေါ်ရှိ တံတားများ ကြံ့ခိုင်ကောင်းမွန်ရေးအတွက် တမူးခရိုင် စီမံခန့်ခွဲမှုကော်မတီမှ ဆောင်ရွက်ပေးလျက်ရှိ

အာရှလမ်းမကြီးမှာ   တစ်စိတ်တစ်ပိုင်းပါဝင်နေတဲ့ ကလေး-တမူး-ကလေးဝလမ်းမကြီးရဲ့ လမ်းများ ကောင်းမွန် သော်လည်း တံတားများ ကြံ့ခိုင်မှုမရှိပါကြောင်း၊ တံတားကြံ့ ခိုင်မှုမရှိခြင်း မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဖြစ်သလို၊  တံတားအမျိုးအစားတွေမှာလည်း ကွန်ကရစ်တံတားနည်းပါး ကြောင်း ဇူလိုင်လ ၃ ရက်နေ့ ကုန်သွယ်ရေး ဦးစီးဌာန တမူး ကုန်သွယ်ရေးစခန်း  အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ တမူးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။တမူးခရိုင် အတွင်းမှာ တံတားပေါင်း ၇၁ စင်းရှိပြီး ယခင်နှစ်က တစ်ဖက်အိန္ဒိယနိုင်ငံမှ ကွင်းဆင်းစစ်ဆေးမှု များပြုလုပ်ခဲ့သော်လည်း ယခုအချိန်ထိ ဆောင်ရွက်မှုမရှိ သေးကြောင်း၊ တံတားများရဲ့ကြံ့ခိုင်မှုအပိုင်းနဲ့ ထိန်း သိမ်းေ စာင့် ရှောက်မှုအပိုင်းကို ယခင်က ပြည်သူ့ဆောက်လုပ်ရေးလုပ် ငန်းမှ   ဆောင်ရွက်လျက်ရှိသော်လည်း  ယခုအခါ   ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း  လက်အောက်မှာရှိတဲ့ လမ်း ဦး စီး ဌာနမှ ဆောင်ရွက်ပေးနေကြောင်း၊ တံတားများကိုတော့ ဆောက် လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးအထူးအဖွဲ့ (၁၁) မှ ကလေးဝမြို့မှာရှိတဲ့ တံတားအထူးအဖွဲ့နဲ့ ဆက်သွယ်ပြီး အပို ပစ္စည်း များ ဝန်ချီစက်များ၊ ကျွမ်းကျင်ပညာရှင်များကို ခေါ်ယူ၍ ပြင်ဆင်မှုများပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ကုန် စည်စီးဆင်း မှု  လွယ်ကူချောမွေ့စေရေးမှာ လမ်းပန်းဆက် သွယ်ရေးဟာ  အဓိကကျတဲ့အတွက်လမ်း၊ တံတားများ ကြံ့ခိုင် ကောင်းမွန်ရေးတို့  အဓိကထား၍  ဆောင်ရွက်ပေးလျက်ရှိ ကြောင်း အဆိုပါ ခရိုင်စီမံခန့်ခွဲမှုကော်မတီက ပြောကြားခဲ့ပါ တယ်။                                                           

         ခင်မိုးသူ