ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုလျော့ကျသော်လည်း ပင်လယ်ရေကြောင်းမှ ဆန်ပိုမိုတင်ပို့
ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်နေ့ထိ ကာလအတွင်း တရုတ်နိုင်ငံရဲ့ဝယ်လိုအားကျဆင်းမှုကြောင့် မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုမှာ သိသိသာသာ လျော့ နည်းသွားခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ ၄ ဒသမ ၈၅၀ သန်းဖိုးရှိတဲ့ ဆန်တန်ချိန် ၁၂၈၉၂ တန်ကို မူဆယ် ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် ၁၀၃၂၄ တန်လျော့နည်းခဲ့ပါတယ်။
မူဆယ်ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် တန်ချိန် ၆၀၀၀ ၊ ဧည့်မထဆန်တန် ချိန် ၅၅၉၂ တန်၊ ချင်းရွှေဟော်စခန်းမှ ဧည့်မထ တန် ၃၀၀ နဲ့ လွယ်ဂျယ်စခန်းမှ ငစိန်ဆန် တန် ၁၀၀၀ တင်ပို့်ပါတယ်။
ကုန်သွယ်ရေးစခန်းများအနေနဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကို အဓိက ထားရောင်းရတဲ့အတွက် အခုလို တရုတ်ဘက်က ဝယ်လိုအားမရှိတဲ့ အချိန်မှာ ဆန်တင်ပို့မှု လျော့ကျခဲ့ပါ တယ်။ဆန်တင်ပို့မှု လျော့ကျသလို ဆန် ကွဲတင်ပို့မှုလည်း လျော့ကျခဲ့ပါတယ်။ ယခုတစ်ပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၉၁၄ သန်းဖိုးရှိတဲ့ ဆန်ကွဲ တန် ၂၈၀၀ ကိုသာ တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၁၆၈၀ လျော့နည်းခဲ့ပါတယ်။ကောက် ညှင်းဆန်ကတော့ ယခုတစ်ပတ်မှာ တင်ပို့မှုမရှိဘူးလို့ သိရပါတယ်။ပင် လယ်ရေကြောင်း ကုန်သွယ်မှုမှ တင်ပို့မှု မှာ ဇူလိုင်လ ၅ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဆန်တန်ချိန် ၂၀၆၈ တန်ကျော် တန်ဖိုး အားဖြင့် သုည ဒသမ ၇၉၆ သန်းဖိုးတင် ပို့ခဲ့ပါတယ်။ ကန်ဒေါ်လာ သုည ဒသမ ၂၇၂ သန်းဖိုးရှိ ပေါင်းဆန် ၇၂၃ တန် ကျော်ကို အီးယူနိုင်ငံများနဲ့ တရုတ်နိုင်ငံ သို့လည်းကောင်း၊ ဧည့်မထဆန် ၁၂၂၅ တန်ကို တရုတ်၊ စင်ကာပူနဲ့ အီးယူနိုင်ငံ များသို့လည်းကောင်း၊ ဇီယာဆန် တန် ၁၂၀ ကို စင်ကာပူနိုင်ငံသို့လည်းကောင်း အသီးသီး တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်က ပင်လယ်ရေ ကြောင်းမှ ဆန်တန်ချိန် ၁၅၀၀ တင်ပို့ ခဲ့ပြီး ယခုတစ်ပတ်မှာ ၅၆၈ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာ တော့ ကန်ဒေါ်လာ သုည ဒသမ ၂၉၆ သန်းဖိုးရှိ ဆန်ကွဲတန်ချိန် ၁၁၀၀ ကို အီးယူနဲ့ စင်ကာပူနိုင်ငံကို တင်ပို့နိုင် ခဲ့ပါတယ်။
မြန်မာ့ဆန်ကို အီးယူနိုင်ငံများသို့ တင်ပို့ရာတွင် အထူးသက်သာခွင့် အခွင့်အရေးများ ရရှိထားခြင်းကြောင့် ၂၅ မှတ် ဆန်တစ်တန်လျှင် ဒေါ်လာ ၄၀၀ ဝန်းကျင်ရရှိတဲ့အတွက် အရည် အသွေးကောင်းဖို့ လိုသကဲ့သို့၊ ရေရှည် ထိန်းထားဖို့လည်းလိုကြောင်း ၊ ယမန် နှစ်က အီးယူသို့ ဆန်တန်ချိန် တစ်သိန်း ခန့်သာ တင်ပို့နိုင်သော်လည်း ယခု ဘဏ္ဍာနှစ်တွင် တန်ချိန် နှစ်သိန်းအထိ တင်ပို့မည်ဖြစ်ပြီး ဆန်တင်ပို့မှုကဏ္ဍမှ ဝင်ငွေ ဒေါ်လာတစ်ဘီလီယံ အထိ ရရှိ ရန်မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရှိရပါတယ်။
ယဉ်ယဉ်အေး