ပြည်ပဲနီပြား ဈေးအေးခဲ့ရာမှ ယခုတစ်ပတ်မှာ ဈေးမြင့်လာလို့ ယခင်နှစ်ဈေးကို မီလာခဲ့
ဇူလိုင်လလယ်ပြည်ပဲဈေးကွက်မှာ ပဲနီပြားသီးနှံဈေးနှုန်းများ မြင့်တက်ခဲ့လို့ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် တစ်တင်းကို ၁၅၀၀ ကျပ်ခန့် ဈေးပိုရလာခဲ့ပါတယ်။
ပဲနီပြား အဝင်မရှိခဲ့ဘဲ လက်ကျန်ပဲများသာရှိနေ ချိန်မှာ လက်လီ သမားအပြင် လက်ကားသမားများလည်း အချို့ရက်တွေမှာ ဝယ်ယူလာတဲ့အတွက် တစ်ရက်ကို အိတ် ၄၀၊ ၅၀ ကျော် အရောင်း အဝယ် ပုံမှန်ဖြစ်သလို လက်ကားအဝယ်လိုက်တဲ့ရက်မှာ တော့ အိတ် ၁၀၀ ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ် ဇူလိုင်လအတွင်း က တစ်တင်းကိုကျပ် ၂၀၀၀၀ ရရှိခဲ့ တဲ့အတွက် ယခုတစ်ပတ်မှာတော့ ပဲနီပြားသီးနှံဟာ ယခင်နှစ်ဈေးကို မီလာခဲ့ကြောင်း သိရပါ တယ်။
ခင်ဆွေဝင်း-ပြည်