ဓာတ်မြေသြဇာ အရောင်းအေးနေ

ဇွန်လ ၂၇ ရက်မှ  ဇူလိုင်လ ၄ရက် အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ ၂၅၇၆ တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ  တန်ချိန် ၂၀၃၂ တန် ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ  တန် ချိန် ၅၄၀ကျော်  အဝင် ပိုခဲ့တယ်လို့သိရပါတယ်။နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေသြဇာ အဝင်မှာ  ၁၉၀၉၈ တန် ကျော်ရှိခဲ့ပြီး ယခင် တစ်ပတ်အဝင်မှာ ၁၃၄၅၀ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ၅၆၄၇ တန် ကျော် အဝင်ပိုခဲ့တယ်လို့  သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှရော နယ်စပ်လမ်းမှပါအဝင်ပိုခဲ့တယ်လို့သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ မြေသြဇာအရောင်းအေးတယ်လို့ သိရပါတယ်။  ပျိုး ခင်းသီးနှံအတွက်သာ အဝယ်ရှိနေတာကြောင့် အရောင်းအေးပေမယ့် ဒီတစ်ပတ်မှာ ပုလဲ-အသေး၊  ကွန်ပေါင်း   ၁၆း၁၆း၈ (မြင်းပျံ- ထိုင်း)နဲ့ တီစူပါ (သံကွင်း-တရုတ်)တို့ ဈေးနည်းနည်းမြင့်တက်ခဲ့ပြီး ကွန်ပေါင်း၁၅ ပတ်လည်က ဈေးနည်းနည်း ကျလာ တယ်လို့ သိရပါတယ်။ ပုလဲအသေးက ၁၇၀၀  ကျပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ က၅၀၀ ကျပ်၊တီစူပါ ၄၆% (သံကွင်း) ၁၀၀၀ကျပ် ဈေးမြင့် ခဲ့တယ်လို့  သိရပါတယ်။ ဈေးကွက်ထဲ ပုလဲ အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ရွှေတောင်) (တရုတ်) ၂၃၀၀၀ ကျပ်၊  ကွန်ပေါင်း (အစိမ်း) ၁၅ပတ်လည်(ထိုင်း) ၃၅၈၀၀ ကျပ်၊ကွန်ပေါင်း(ပန်းရောင်)၁၅ပတ်လည် (ထိုင်း) ၃၀၃၀၀ ကျပ်၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ၂၁၀၀၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၁၅၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့  သိရှိရပါတယ်။
မန္တလေးဈေးကွက်မှာ မြေသြဇာက  အရောင်းအဝယ်အေးသလို  အရောင်းပါး တာကြောင့် မြေသြဇာဈေး ငြိမ်နေခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲအရောင်း အဝယ်ဖြစ်တဲ့ဈေးမှာ ယူရီးယား (ပန်းဖူး-တရုတ်) ၂၂၀၀၀ ကျပ်၊ ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၄၀၀ ကျပ်၊ တီစူပါ (GTSP   ၄၆%-တရုတ်) ၁၉၆၀၀ ကျပ်၊ တီစူပါ GSSP  ၁၆%-တရုတ်) ၉၉၀၀ ကျပ်၊ တီစူပါ GSSP  ၁၂% -တရုတ်) ၉၃၀၀ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁၃၅၀၀ ကျပ်ဈေး ရှိတယ်လို့ မြေသြဇာ အရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုလဲမြေသြဇာက အရောင်းသွက်ပြီး ကျန်မြေသြဇာ များ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲမှာ ယူရီးယား က၂၀၀ကျပ်၊ တီစူပါ ၁၀း၁၀း၅က  ၄၀၀ ကျပ်၊ ဓာတ်ဆား က ၁၅၀၀ ကျပ်၊ မြားကမ္ဘာ က ၂၀၀ ကျပ်ဈေးကျခဲ့ပြီး တီစူပါ  ၁၅ ပတ်လည်က ၃၀၀ ကျပ်ဈေးမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၂၅၀၀ကျပ်၊ ယူရီးယား-ပုလဲ  (ရွှေတောင်-တရုတ်) ၂၂၅၀၀ ကျပ်၊ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)၂၃၂၀၀ကျပ်၊တီစူပါ ၁၂% (တရုတ်) ၁၀၈၀၀ ကျပ်၊ တီစူပါ ၁၆% (တရုတ်) ၁၁၃၀၀ ကျပ်၊  တီစူပါ ၁၅ပတ်လည် (တရုတ်) ၃၇၃၀၀ ကျပ်၊တီစူပါ၁၀း၁၀း၅ (တရုတ်)၁၅၃၀၀ ကျပ်၊ဓာတ်ဆား (တရုတ်)၁၅၀၀၀ကျပ်၊ ပိုတက်(တရုတ်)၂၄၀၀၀ ကျပ်၊  ယူရီး ယား (ယူအေအီး) ၂၁၀၀၀ ကျပ်၊  မြား ကမ္ဘာ ၁၅၁၀၀ ကျပ်ဈေးနဲ့   အရောင်း အဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။ရန်ကုန်ဈေးကွက် မှာ ဒီတစ်ပတ် မှာမြေသြဇာက  အရောင်းအဝယ် ပုံမှန် ရှိပြီး ယူရီးယားနဲ့ တီစူပါက ဈေးနည်း နည်း မြင့်ခဲ့ပေမယ့် ကွန်ပေါင်းနဲ့ ပို တက်က ဈေးငြိမ်နေခဲ့တယ်လို့   သိရပါ တယ်။ ဒီတစ်ပတ်ဈေးကွက်ထဲ ယူရီးယား (နေရွက် လှေ-တရုတ်)၂၄၅၀၀ ကျပ်၊  ယူရီးယား (ကမ္ဘာလုံး-တရုတ်)၂၄၅၀၀ ကျပ်၊ ယူရီး ယား(ရွှေတောင်-တရုတ်) ၂၄၅၀၀ ကျပ်၊  တီစူပါ (သံကွင်း-တရုတ်)၂၁၀၀၀ ကျပ်၊ ပိုတက် ၂၃၀၀၀ ကျပ်၊ ကွန်ပေါင်း၁၅ ပတ်လည် (နေ ရွက်လှေ-တရုတ်) ၃၄၀၀၀ ကျပ်၊ ကွန် ပေါင်း(၂၅းရး၇) ၃၁၇၀၀ ကျပ်နဲ့   အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှစုံစမ်းသိရှိ ရပါတယ်။
 MIRT-DOT