ဘိလပ်မြေ ဈေးငြိမ်ပြီး အရောင်းအဝယ်ပုံမှန်ရှိ

ဇွန်လ ၂၇ ရက်မှ ဇူလိုင်လ ၄ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ ၅၈၁၂၆တန်ကျော်ဝင်ခဲ့တယ်လို့ သိရပါတယ်။  ယခင်သီတင်းပတ် ဘိလပ်မြေ အဝင်မှာ ၆၉၈၃၂   တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ် မြေတန် ၁၁၇၀၁ ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ် မြေ အဝင်မှာ ၁၃၉၅၅ တန်ကျော်ရှိခဲ့ပြီး ယခင်တ စ် ပတ်အဝင်မှာ ၁၅၀၁၂ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ  ၁၃၅၆တန် ကျော် အဝင်လျော့ခဲ့တယ်လို့ သိရ ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာရေလမ်းမှရောနယ်စပ် လမ်းမှပါ အဝင်လျော့ ခဲ့ ပါတယ်။
မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ် အရောင်းအဝယ်ပုံမှန်ရှိနေ တယ်။ ယခင်တစ်ပတ်ကလည်း အရောင်းနည်းနည်းတက်လာပေမယ့် ဒီတစ်ပတ် မှာတော့ အရောင်းအဝယ် ပုံမှန်သာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ဆင်(ထိုင်း)က ၅၀ ကျပ်ဈေးကျပြီး စိန်(ထိုင်း)က ၅၀ကျပ် ဈေးမြင့်လာပြီးကြံ့(မြိုင်ကလေး)က ဈေးငြိမ် နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်တဲ့ဈေးကဆင်(ထိုင်း) ၅၃၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး)၅၁၀၀ကျပ်၊ စိန် ၅၂၅၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ် တယ်လို့ သိရပါတယ်။
မန္တလေးဈေးကွက်မှာ ဘိလပ်မြေ အရောင်းအဝယ်ပုံမှန်ရှိနေပါတယ်။ ဒီတစ်ပတ်မှာ အဝယ်လိုက်သလို ပစ္စည်းလည်းဝင်နေတယ်လို့ သိရပါတယ်။ ဈေး ကတော့  အတက်အကျ  တစ်ရာ ဝန်းကျင်သာရှိနေတယ်လို့ သိရပါတယ်။ ဈေးကွက် ထဲမှာ အေသုံးလုံး ၅၈၀၀ ကျပ်၊ မြန်မာဆင်  ၅၀၀၀ ကျပ်၊ ဆင်မင်း(ကျောက်ဆည်) ၅၀၀၀ ကျပ်၊ ကျားခေါင်း ၄၉၀၀ ကျပ်၊ မြင်းခေါင်း ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၇၃၀၀ ကျပ်၊ စိန်(ထိုင်း)   ၇၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်း ဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိပေမယ့် ဒီတစ်ပတ်မှာ  ဈေးငြိမ်နေတယ်လို့  သိရပါတယ်။ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်တဲ့ဈေးမှာ ဆင်(ထိုင်း) ၇၆၀၀ ကျပ်၊  စိန်(ထိုင်း) ၇၅၀၀ ကျပ်၊ ကျားခေါင်း ၅၀၀၀  ကျပ်၊ အပါချီ ၅၆၀၀ ကျပ် ၊ နဂါး ၅၆၀၀ ကျပ်၊ ကမ္ဘောဇ  ၅၁၀၀ ကျပ်၊ ခြင်္သေ့၅၀၀၀ ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက် ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိ ရပါတယ်။

သီတာဝင်း(DOT)