ပန်းပန်နေတဲ့ ပြည်မြေပဲဆန်ဈေးကွက်

ယခုတစ်ပတ်တွင်လည်း ပြည်ဈေးကွက်၌ မြေပဲဆန်ဈေး အမြင့်မှာရပ်တည်နေတာ တွေ့ရပါတယ်။  မန္တလေးနဲ့   ရန်ကုန် ဝယ်လက်များက အဝယ်ရှိနေသော်လည်း  မြေပဲဆန် အဝင်မရှိဘဲ လက်ကျန် အနည်းငယ်ဖြင့် သာ ရောင်းဝယ်နေကြသဖြင့် တစ်နေ့ကို အိတ် ၈၀ လောက်သာ ရောင်းဝယ်နေတာ တွေ့ရပါတယ်။မြေပဲဆန်ကို   အဝယ်ရှိသော်လည်း ဈေးကွက်တွင်  ဝယ်လိုအား   အပြည့်အဝမပေးနိုင် သဖြင့် ဈေး ဆက်မြင့်နေ ပါတယ်။ မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာကို ၂၅၀၀ ကျပ်၊ လုံးဆန်အဖြူ တစ်ပိဿာ ၂၈၀၀ ကျပ်နဲ့  လုံးဆန်အနီ တစ် ပိဿာကို ၂၉၀၀ ကျပ်ဖြင့် ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ပန်းပန် လျက်ရှိ နေပါ တယ်။                        

ဝေေ၀မင်း-ပြည်