တောင်ကြီးမြို့မဈေးအတွင်း ခွင့်မပြုစားသောက်ကုန်များ၊ အလှကုန်များကို စစ်ဆေးတွေ့ရှိခဲ့ပြီး သိမ်းဆည်းဖျက်ဆီးခဲ့

ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲမှု ကော်မတီ၏ လမ်းညွှန်မှုအရ တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ တာဝန်ရှိ သူများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့ဝင်များသည် ၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်က တောင်ကြီးမြို့ မြို့မဈေး အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ အလှကုန်အရောင်းဆိုင် များနှင့် ကုန်စုံဆိုင်များသို့ ရှောင်တခင်ဝင်ရောက်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ တရားမဝင်ကြောင်း ထုတ်ပြန်ကြေငြာ ထားသော ခွင့်မပြုဓါတုပစ္စည်းနှင့် ဆိုးဆေးများပါဝင်သည့် အစားအသောက်များနှင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများကို စစ်ဆေးသိမ်းဆည်းဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ထိုသို့ စစ်ဆေးခဲ့ ရ ာတွင် တောင်ကြီးမြို့ မ ဈေးအတွင်းရှိ ကုန်စုံဆိုင်များမှ ခွင့်မပြု ဓါတုပစ္စည်းနှင့်ဆိုးဆေးများ ပါဝင်သော အစားအသောက်များဖြစ် သည့် အရောင်တင်မှုန့်များ၊ ငါးပိထောင်းဘူးများ၊ ခေါက်ဆွဲခြောက်များ၊ ချိုချဉ်ချောင်း များကို တွေ့ရှိရသဖြင့် သိမ်း ဆည်းခဲ့ပြီး တောင်ကြီးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် တောင်ကြီးမြို့ပေါ်ရှိ ဈေးများနှင့် အခြားမြို့များမှ ဈေးများကိုပါ စီမံချက်ဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးသွား မှာဖြ စ်ကြောင်း သိရ ပါတယ်။ထိုသို့စစ်ဆေးသိမ်းဆည်းရာတွင် ရှမ်းပြည်နယ်မှ စစ်ဆေးတွေ့ ရှိခဲ့သော သုံးစွဲရန်မသင့်သည့် စားသောက်ကုန်များတွင် စားသုံးရန်မသင့်သည့်စား သောက်ကုန်များအပါအဝင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာထား သော စားသုံးရန်မသင့်သည့် စားသောက်ကုန်များ၊ အလှကုန်နှင့် ဆေးဝါး ပစ္စည်းများ အားလုံးပါဝင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ  တာဝန်ရှိသူ တစ်ဦးရဲ့ အဆိုအရ သိရပါတယ်။  
    မင်းအောင်- တောင်ကြီး