ကမ္ဘာ့ရွှွေဈေး ကျဆင်းနေသော်လည်း မြန်မာ့ရွှေဈေး အတက်အကျ အနည်းယ်သာရှိနေ

လဆန်းပိုင်းကတည်းက အတက်အကျများစွာရှိခဲ့သည့် မြန်မာ့ရွှေဈေး သည် ယခုတစ်ပတ်တွင် အတက်အကျ အနည်းငယ်သာရှိနေခဲ့သည်ကို တွေ့ရသည်။ ယခုတစ်ပတ်တွင် ကမ္ဘာရွှေဈေးသည် တစ်ပတ်အတွင်း ဒေါ်လာ ၂၀ကျော်ကျဆင်း သွားသည်ကိုတွေ့ရသည်။ ယင်းကဲ့သို့  ကမ္ဘာ့ရွှေဈေး ကျဆင်းသွားသော်လည်း မြန်မာ့ ရွှေဈေးမှာမူ လိုက်ပါကျဆင်းခြင်းမပြုဘဲ အမြင့်ဈေးတွင်သာ အတက်အကျ အနည်းငယ်ဖြင့် လှုပ်ရှားလျက်ရှိသည်။
ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်းငွေလဲနှုန်းမှာ တည်ငြိမ်မှု မရှိဘဲ ဆက်လက်မြင့်တက်နေသဖြင့် မြန်မာ့ရွှေဈေးသည် အမြင့်ဈေးဖြင့်သာဆက် လက်တည်ရှိနေခြင်းဖြစ်ကြောင်း ရွှေ ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။''ကမ္ဘာ့ရွှေဈေးက ကျလာတယ်။ တစ်ပတ်အတွင်းမှာ ဒေါ်လာ ၂၀ကျော် လောက်အထိ ကျဆင်းလာတယ်။ အရင်တုန်းကဆိုရင် ကမ္ဘာ့ရွှေဈေး ကျဆင်းလာ တာနဲ့ ဒီမှာလည်းဈေးကလိုက်ပြီးကျလာတာပဲ။ ခုကတော့ ပြည်တွင်းေ ငွ လဲနှု န်း က တက်နေတာဆိုတော့ ရွှေဈေးက ကျမသွားဘဲ ဈေးအမြင့်မှာပဲ ဆက်ပြီးရှိနေတယ်။ ငွေလဲနှုန်း မကျသေးသရွေ့တော့ ပြည်တွင်းရွှေဈေးက မြင့်တက်နေဦး မှာပဲ။ ဈေး မြင့်တက်နေ တဲ့အတွက် ဈေးကွက်ထဲမှာ ဘယ်လိုမှ အလုပ်မဖြစ်ဘူး။ ကုန်သည် တွေ အချင်းချင်းလည်း သတိပေးနေရတယ်။ ရောင်းမှား ဝယ်မှားမဖြစ်ရအောင်နဲ့ ဈေးမကစားဖို့အတွက်ပါ သတိပေးနေရတယ်''ဟု ရွှေကုန်သည်တစ်ဦးက မှတ် ချက်ပြုခဲ့သည်။မြန်မာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် ဇွန်လ ၂၉ရက်နေ့က ကျပ် ၇၃၈၅၀၀ ရှိခဲ့ပြီး ဇူလိုင်လ ၁ရက်တွင် ကျပ် ၇၃၆၀၀၀ သို့ အနည်းငယ်ပြန် လည်ကျဆင်းခဲ့ကာ ဇူလိုင်လ ၂ရက်တွင် ကျပ် ၇၃၇၀၀၀ သို့ အနည်းငယ် ပြန်လည်မြင့်တက်ခဲ့သည်။ ဇူလိုင် ၃ ရက်တွင် ကျပ် ၇၃၆၀၀၀ သို့ အနည်းငယ်ကျဆင်းခဲ့သည်။ကမ္ဘာ့ရွှေဈေးသည် ဇွန် ၂၉ ရက်တွင် ၁၁၈၄ ဒေါ်လာရှိခဲ့ရာမှ ဇွန် ၃၀ ရက် တွင် ၁၁၈၀ဒေါ်လာသို့လည်းကောင်း၊ ဇူလိုင် ၁ရက်တွင် ၁၁၇၆ ဒေါ်လာသို့လည်း ကောင်း ကျဆင်းခဲ့ပြီး ဇူလိုင်လ ၃ရက်နေ့တွင် ၁၁၆၆ ဒေါ်လာသို့လည်းကောင်း ဆက်လက်ကျဆင်းခဲ့သည်။                           

             မယ်သီတာ