ဈေးငြိမ်ပြီးအရောင်းအဝယ်ပုံမှန်ဖြစ်တဲ့ ပြည်စပါးဆန်ဈေးကွက်

   ယခုမေ တတိယပတ်ရဲ့ ပြည်ဆန်ဈေးစပါးဈေးတွေ ဈေးအတက်အကျမရှိဘဲ ငြိမ်နေတာတွေ့ရပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်အရောင်းအဝယ်ဖြစ်ပြီး နယ်တင်ပို့မှုတွေ လည်းရှိတယ်လို့သိရပါတယ်။ တောင်ပျံမွှေးစပါးတင်း (၁၀၀) ၄၆ ပေါင်ကိုက်ဈေး ကလည်း ယခင်တစ်ပတ်အတိုင်း ၆၉၉၂၀၀ ကျပ်နဲ့ ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ဆန်တစ်အိတ်ဈေး ၃၅၀၀၀ ကျပ်၊ ရန်ကုန်နယ်တင် (ထိပ်စ) ကတော့ ၃၇၀၀၀ ကျပ်နဲ့ တင်ပို့မှုရှိနေပါတယ်။ ရန်ကုန်သို့ တစ်ပတ်နှစ်ကြိမ် အိတ် ၇၀၀ ထိ တင်ပို့မှုရှိပါတယ်။

   ဧည့်မထစပါးဈေး ၄၇၈၄၀၀ ကျပ်နဲ့   ဆန်တစ်အိတ်ဈေး ၁၉၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိနေပါတယ်။ မန္တလေး၊ မူဆယ်သို့ နှစ်ရက်ခြားအိတ် ၈၀၀၊ ၉၀၀ ပုံမှန်တင်ပို့နေရတယ်လို့လည်းသိရပါတယ်။ ဧည့်မထ (အမာ) ဆန်စပါးဈေး ကတော့ ၄၃၇၀၀၀ ကျပ်နဲ့ ဆန်တစ်အိတ်ဈေး ကတော့ ၁၈၃၀၀ ကျပ်သာရှိပြီး ဒေသတွင်းရောင်း ဝယ်မှုဖြစ်နေပါတယ်။

နီနီဝင်း-ပြည်