ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေး သိသိသာသာမြင့်ပြီး နှမ်းဈေးကျ
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ သိသိသာသာမြင့်လာပြီး နှမ်းဈေးမှာအနည်းငယ်ကျနေတာတွေ့ရပါတယ်။ မြေပဲဆန်မှာ တစ်နေ့ကို အိတ် ၅၀၀ခန့်သာ အဝင်ရှိပြီး ဝယ်လက်များကြောင့် ဈေးကွက်တွင်ပစ္စည်းပြတ်ပြီး ဈေးမြင့်လာတာဖြစ်တယ်လို့သိရပါတယ်။ နှမ်းမှာ အဝင်မရှိသော်လည်း လှောင်နှမ်းများကြောင့် ဈေးကွက်တွင် အရောင်းအဝယ်လုံးလုံးပြတ်သွားတာမဟုတ်ပေမယ့် အနည်းငယ်သာအရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ဒါ့အပြင် ဆီစက်များကသာ ဆီကြိတ်ရန်ဝယ်နေသော် လည်း နေ့စဉ် အဝယ်မရှိသဖြင့် ဈေးအနည်းငယ်ကျနေတာတွေ့ရပါတယ်။
ဈေးနှုန်းများအနေဖြင့် ယခုတစ်ပတ်တွင် မြေပဲဆီဆန်တစ်ပိဿ ာ ၂၃၅၀ ကျပ်နဲ့ လုံးဆန်တစ်ပိဿ ာကို ၂၆၀၀ ကျပ် အထိ ဈေးမြင့်သော်လည်း ရန်ကုန်၊ မန္တလေးဝယ်လက် များက အဝယ်ရှိနေတာတွေ့ရပါတယ်။ နှမ်းနီမှာ တစ်တင်းကို ၂၈၃၀၀ ကျပ်၊ စမုံနက်နှမ်း တစ်တင်းကို ၆၀၀၀၀ ကျပ်နဲ့ ရိုးရိုး နှမ်းနက်တစ်တင်းကို ၃၁၆၀၀ ကျပ်ဖြစ်သော် လည်း နှမ်းနီကိုသာ ဆီစက်များက အနည်းငယ်အဝယ်ရှိပြီး နှမ်းနက်မှာ ဈေး သာဖြစ်နေသော်လည်းအဝယ်မရှိတာတွေ့ရပါတယ်။
ဆီဈေးအနေဖြင့်လည်း မြေပဲဆီမှာ သီးနှံဈေးမြင့်လာသလို ဆီဈေးပါမြင့်လာသော်လည်း နှမ်းဆီဈေးမှာ သီးနှံဈေးကျသလို ဆီဈေးပါကျလာ တာ တွေ့ရပါတယ်။ မြေပဲဆီ (ရှယ်) ဈေးမှာ ယခင်တစ်ပိဿ ာ ၄၁၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိတက်လာပြီး ယခု တစ်ပိဿ ာ ၅၀၀၀ ကျပ်အထိ ဈေးမြင့်တက်လာပါတယ်။ ဒါ့အပြင် မြေပဲဆီရိုးရိုးမှာ ယခင် တစ်ပိဿ ာ ၃၉၀၀ ကျပ်မှ ၄၃၀၀ ကျပ် အထိရှိပြီး ယခုတစ်ပိဿ ာ ၄၇၀၀ ကျပ်အထိ မြင့်လာတာတွေ့ရပါတယ်။ နှမ်းဆီ(ရှယ်)ဈေးမှာ ယခင် တစ်ပိဿ ာ ၅၃၀၀ ကျပ်မှ ၅၅၀၀ ကျပ်အထိရှိခဲ့ပြီး ယခုဈေးမှာ တစ်ပိဿ ာ၄၇၀၀ကျပ်သာရှိခဲ့ပါတယ်။ နှမ်းဆီရိုးရိုးဈေးမှာ ယခင်က တစ်ပိဿ ာ ၄၈၀၀ ကျပ်-၅၀၀၀ ကျပ်အထိရှိပြီး ယခုဈေးမှာ တစ်ပိဿ ာ ၄၅၀၀ ကျပ်ဖြင့် ဈေးကျလာတာတွေ့ရပါတယ်။
ဝေေ၀မင်း (ပြည်)