မြေသြဇာတန်ချိန် လေးထောင်ကျော်အဝင်ပို

   ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မတ်လ ၂၂ ရက်မှ ၂၈ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၅၄၇၄၉၀ တန်ဖိုးရှိ မြေသြဇာ ၇၀၉၅ ဒသမ ၆၆ တန်ကို တင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ် တရုတ်နိုင်ငံမှ မြေသြဇာ ၂၅ တန်၊ ပြင်သစ် မှ ၁၀၄၅ တန်၊ ဂျပန်မှ ၂ ဒသမ ၂၄ တန်၊ ကိုရီးယားမှ သုည ဒသမ ၆ တန်၊ စင်ကာပူမှ ၅၅၀၈ ဒသမ ၃၆ တန်၊ ထိုင်းနိုင်ငံမှ ၅၁၅ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် စင်ကာပူမှ အများဆုံးတင်သွင်းခဲ့ပါတယ်။ ဝင်လာတဲ့ အမျိုးအစားများမှာ ကွန် ပေါင်း၊ သြဂဲနစ်၊ ယူရီးယား၊ ပိုတက်၊ အမိုးနီးယမ်းဆာလဖိတ်များဖြစ် ပါတယ်။ ယခင် သီတင်းပတ်အဝင်နဲ့ယှဉ်ရင် ဒီတစ်ပတ်မှာ ၄၃၉၀ ဒသမ ၆၆ တန်အဝင်ပိုခဲ့တယ်လို့သိရပါတယ်။

သီတာဝင်း (DOT)