ပြည်ကြက်သွန်နီအဝင်များ

   ပြည်ကြက်သွန်နီပွဲရုံများတွင် ဧပြီပထမပတ်အတွင်း ကြက်သွန်နီဝင်ရောက်မှုများပြားလျက်ရှိနေကြောင်းတွေ့ရပါတယ်။ မတ်လနောက်ဆုံးပတ်အထိ ကြက်သွန်နီဈေးအနည်း ငယ်မြင့် တက်လာရာမှ ပွဲရုံများသို့ နယ်များမှ တင်ပို့မှုများလာတာလည်းဖြစ်ပါတယ်။ ယခုအချိန်တွင်တော့ အခါရက်ကလည်း နီးလာပြီဖြစ်လို့ ဈေးများတက်လေမလားလို့ မျှော် မှန်းခဲ့တဲ့ ကြက်သွန်နီဟာ ဈေးကျလာတာကိုတောင် တွေ့ရပါတယ်။

   ယခင်လ ကြက်သွန်နီပွဲရုံဈေး တစ်ပိဿ     ာ ကြီး ၃၈၀ ကျပ်၊ လတ် ၃၅၀ ကျပ်၊ သေး ၂၅၀ ကျပ်၊ ရရှိရာမှ ယခု ကြီး ၃၅၀ ကျပ်၊ လတ် ၃၀၀ ကျပ်၊ သေး ၂၀၀ ကျပ်ထိ ဈေးကျလာ ပါတယ်။   ဒေသတွင်း အိတ်ဆွဲသမားများကြောင့်  အရောင်းအဝယ်ကောင်း လျက်ရှိပါ တယ်။  ဒေသခံဈေးများအတွင်း  ကြက်သွန်နီတစ်ပိဿ    ာလက်လီဈေးကတော့ ကြီး  ၅၀၀ ကျပ်၊ လတ် ၄၀၀ ကျပ်၊ သေး  ၃၀၀ ကျပ် ဈေးရောင်းချလျက်ရှိပါတယ်။ ပွဲရုံများတွင် တစ်ရက်ကို အိတ် ၇၀၀ မှ ၉၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်းလည်းသိရပါတယ်။

နီနီဝင်း-ပြည်