မန်ကျည်းတန်ချိန် ကိုးရာ့သုံးဆယ်ကျော်တင်ပို့

   မတ် ၂၂ ရက်မှ ၂၈ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၁၆၄၆၀ တန်ဖိုး ရှိ မန်ကျည်း ၉၃၆ ဒသမ ၂၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှတင်ပို့ခဲ့ပါတယ်။ ဒီ တစ်ပတ်မှာ အိန္ဒိယနိုင်ငံကို ၇၂ ဒသမ ၇၅ တန်၊ မလေးရှားနိုင်ငံကို ၆၂၃ တန်၊ ပါကစ္စတန်ကို တန် ၁၂၀၊ တန်နဲ့ စင်ကာပူနိုင်ငံကို ၁၂၀ ဒသမ ၅ တန် တင်ပို့ခဲ့တယ်လို့သိရပါ တယ်။ ဒီတစ်ပတ်မှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်  မန်ကျည်းတင်ပို့မှုထက် ဒီတစ်ပတ် မှာတန်ချိန် ၁၆၉၀ ကျော်တင်ပို့မှုလျော့ကျခဲ့တယ်လို့ သိရပါတယ်။

သီတာဝင်း (DOT)