ဓာတ်မြေသြဇာ တင်ပို့၊ တင်သွင်းခြင်းနှင့်ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနထောက်ခံချက်ပါရှိရန်လိုအပ်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဓာတ်မြေသြဇာတင်သွင်းခွင့် လိုင်စင်လျှောက်ထားခြင်းများအား လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံစာအရ သွင်းကုန်လိုင်စင်ခွင့်ပြုပေးလျက်ရှိပါတယ်။

  လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ထောက်ခံချက်နှင့် ဓာတ်မြေသြဇာတင်သွင်းခွင့်လိုင်စင်လျှောက်ထားလာသဖြင့် စိုက်ပျိုးရေး ဦးစီးဌာနသို့ သဘောထားမှတ်ချက်တောင်းခံခဲ့ရာ မတ် ၁၈ ရက် ရက်စွဲပါစာနှင့် တရားဝင်ပြန်ကြားလာခဲ့ပါတယ်။

   ပြန်ကြားစာတွင် ''ဓာတ်မြေသြဇာ ဥပဒေပုဒ်မ၄၄ အရ မြေသြဇာကို ပြည်တွင်းသို့ တင်သွင်းရန်ဖြစ်စေ၊ ပြည်ပသို့တင်ပို့ရန် ဖြစ်စေပါမစ် သို့မဟုတ် လိုင်စင် ထုတ်ပေး ရန် လျှောက်ထားလာပါက ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပိုင်ခွင့်ရှိသော အစိုးရဌာနအဖွဲ့အစည်းသည် စိုက်ပျိုးရေးဦးစီးဌာန၏ထောက်ခံချက်ကို လျှောက်လွှာနှင့်အတူ ပူးတွဲ တင်ပြနိုင်သူကိုသာ ပါမစ် သို့မဟုတ် လိုင်စင်ထုတ်ပေးနိုင်သည်'' ဟု ဖော်ပြထားသဖြင့် ''စိုက်ပျိုးဦးစီးဌာန၏ ထောက်ခံချက်ပါရှိမှသာထုတ်ပေးရန်'' သဘောထားမှတ်ချက်ပြန် လည်ရရှိပြီး ဖြစ်၍စိုက်ပျိုးရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့်သာ ဓာတ်မြေသြဇာ တင်ပို့/တင်သွင်းခြင်းကို လျှောက်ထားရန်ကုန်သည် လုပ်ငန်းရှင်များအား ထပ်မံအသိပေး လိုက်ရပါတယ်။

ပန်