ပြည်ထောပတ်ပဲ ဈေးငြိမ်ပြီး လက်လီသာအရောင်းအဝယ်ဖြစ်
ပြည်ဈေးကွက်မှာ တစ်ရက်ကို ထောပတ်ပဲသီးနှံ အိတ် ၅၀ နဲ့ ၁၀၀ ကြား ဝင်ရောက်လာခဲ့ပြီး လက်လီသမားများနဲ့ နေ့စဉ် အရောင်းအဝယ်ဖြစ်နေတာကိုတွေ့ရပါ တယ်။ ထော ပတ်ပဲသီးနှံမှာ ပဲခူးတိုင်း (အနောက်ခြမ်း) အတွင်း သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်နဲ့ ပြည်ခရိုင်မှာတော့ ရွှေတောင်၊ ကျီးသဲနဲ့ ပန်းတောင်းမြို့နယ်များတွင်သာ စိုက်ပျိုးမှုရှိတာကြောင့် အနည်းငယ်သာ ထွက်ရှိတဲ့အတွက် ဒေသတွင်းသာအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ၁၅၅၀၀ ကျပ်ဖြင့် ဈေးငြိမ်နေပြီး ယခုနှစ် ထောပတ်ပဲဈေးမှာ ယခင်နှစ် ထက် ဈေးလျော့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ခင်ဆွေဝင်း-ပြည်