နွေပူပူမှာ ရင်အေးစေတဲ့ မန်းမြို့ကသစ်သီးဈေးကွက်
မတ်လ တတိယပတ်အတွင်း မန်းမြို့သစ်သီးဈေးကွက်တွင် သစ်သီးစုံအရောင်းအဝယ်သွက်နေပါတယ်။ ရွာငံ အောင်ပန်းဘက်မှလာတဲ့ ထောပတ်သီး တစ်တင်းခွဲအိတ် တစ်အိတ်လျှင် အလုံး အကြီး အသေးလိုက်၍ ၁၈၀၀၀ ကျပ်-မှ ၃၅၀၀၀ ကျပ်၊ ကမ္ဗလာသီး တစ်ပိဿ ာ ၁၀၀၀ ကျပ်- ၁၂၀၀ကျပ်၊ တရုတ်ပန်းသီးအကျွတ် တစ်ဖာ အလုံးအလတ် ၂၃၀၀၀ ကျပ်၊ လုံးသေး ၁၄၀၀၀ ကျပ်၊ ပန်းသီးပွတစ်ဖာ ၇၅၀၀ ကျပ်၊ တရုတ်ပန်းသီး ကျွတ်ပွ တစ်ဖာ ၁၂၅၀၀ ကျပ်၊ ယိုးဒယားပန်းသီးတစ်ဖာ ၃၃၀၀၀ ကျပ်၊ နှင်းသစ်တော် သီး တစ်ဖာ ၁၇၀၀၀ ကျပ်၊ ဆန်းကစ် လိမ္မော်တစ်ဖာ ၃၈၀၀၀ ကျပ်၊ ပျားလိမ္မော် တစ်ဖာ ၁၇၀၀၀ ကျပ် ၁၈၀၀၀ ကျပ် အသီးသီးအရောင်းအဝယ်ဖြစ်နေပါတယ်။
ပြည်တွင်း ပျားလိမ္မော်များဈေးကွက်တွင် 13 kg ပါ တစ်ဖာလျှင် အလုံးအကြီးအသေးပေါ်မူတည်၍ ၁၅၀၀၀ ကျပ် -၂၅၀၀၀ ကျပ် ၊တစ်လုံးထုပ်လိမ္မော် အလုံး ၁၀၀ ပါ တစ်ခြင်း ၁၆၀၀၀ ကျပ်၊ သင်္ဘောသီးတစ်လုံး ၂၀၀ ကျပ်မှ ၈၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ စပျစ်သီးတစ်ဖာ ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်ရှိ၍ အလေးချိန် အသီးရဲ့လတ်ဆတ်မှုပေါ်မူတည်ပြီး ဈေးနှုန်း ကွာခြားမှုရှိပါတယ်။ စပျစ်ချွန်တစ်ဖာ ၇၅၀၀ ကျပ်၊ Black Queen စပျစ်တစ်ဖာ ၆၀၀၀ ကျပ်အသီးသီးဖြင့် နွေရာသီရဲ့ နေပူပူတွင် ရင်အေးစေမယ့်သစ်သီးမျိုးစုံ အရောင်းအဝယ် သွက်လျက်ရှိကြောင်းသိရှိရပါတယ်။
ခင်မြင့်မြင့်သန်း-မန္တလေး