ကင်ဆာရောဂါဖြစ်ကြောင်း စမ်းသပ်တွေ့ရှိပြီးနောက် လူ ၃ ဦးအနက်၂ ဦးဟာ၅ နှစ်ကြာသည်ထိ အသက်ပိုမိုရှည်နိုင်

   ရောဂါထိန်းချုပ်မှုနဲ့တားဆီးရေးဌာန(Centers for Disease Control & Preverstion CDC) က လေ့လာမှု အသစ်တစ်ခုကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီဖော်ထုတ်ချက်ကတော့ အမေရိကန်မှာ ကင်ဆာရောဂါဖြစ်ပွားကြောင်း သိရှိပြီးနောက် ကုသမှုခံယူပြီးနောက်ပိုင်းမှာ ကင်ဆာကြောင့်သေဆုံးမှုကိုကြည့်လျှင် ကင်ဆာဝေဒနာသည် ၃ ဦး အနက် ၂ ဦး ဟာ  ၅ နှစ်ကျော်ကြာထိ အသက်ရှင်နိုင်ခြေရှိတယ်လို့ဆိုပါတယ်။

   ကင်ဆာရောဂါဟာ အမေရိကန်မှာ နှလုံးရောဂါပြီးလျှင် အများဆုံးသေစေနိုင်တဲ့ ဒုတိယရောဂါ ဖြစ်ပါတယ်။ ယခုအခါ ကင်ဆာရောဂါဟာ ဆေးဝါးကုသမှုခံယူနိုင်လျှင် သေ မိန့်ကျတဲ့ ဝေဒနာသည်အဖြစ် မှတ်ယူစရာမလိုတော့ဘဲ နာတာရှည် ဝေဒနာသည်အဖြစ်သာ မှတ်ယူရတော့မှာဖြစ်ပါတယ်။

   ပထမဆုံးအကြိမ်လေ့လာမှု ပြု လုပ်ချက်အရ ကင်ဆာရောဂါသည်များ အနေနဲ့ အသက် ၅ နှစ်ကျော်ရှင်နိုင်တယ်ဆိုတာဖော်ထုတ်နိုင်ခဲ့ကြောင်း အမေရိကန်ကင်ဆာလူမှု အဖွဲ့အစည်းမှ Sur veillance & Health  Services Research Program ဒါရိုက်တာ ရီဘက်ကာဆာဂျီးလ်က ပြောကြားပါတယ်။ ရှေးဦးဖော်ထုတ်ချက်အရ ကင်ဆာဝေဒနာ သည်များအနက် ၂၈ ရာခိုင်နှုန်း အသက်ရှင် နိုင်ပြီး နောက်ဆုံးဖော်ထုတ်ချက်အရ ၇၁ ရာခိုင်နှုန်းထိ အသက်ရှင်နိုင်ခြေရှိနေပြီဖြစ်ပါတယ်။

   ကင်ဆာကြောင့် သေဆုံးမှုနှုန်း များ သိသိသာသာကျဆင်းလာတာကိုတွေ့ရကြောင်း၊ ဆေးလိပ်သောက်မှုကိုလျှော့ချနိုင်တဲ့အတွက်  အဆုတ်ကင်ဆာ ဖြစ်ပွားမှုလျော့နည်းလာ တာကိုလည်းတွေ့ရကြောင်း CDC's ဌာနခွဲတာဝန်ခံ Dr.Lisa Richardison ကပြောကြားလိုက်ပါတယ်။ ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ကင်ဆာကို အဓိကဖြစ် ပွားစေနိုင်သော်လည်း တစ်ဆင့်ခံ ဆေးလိပ်သောက်ခြင်းကြောင့်လည်း အမေရိကန် ၁၆၀၀၀မှ ၂၄၀၀၀ ခန့်မှာ အဆုတ်ကင်ဆာဖြစ်ပွားတာကို တွေ့ရှိ ခဲ့ရပါတယ်။ ကင်ဆာဖြစ် ပွားစေနိုင်တဲ့ အခြားအကြောင်းအရာများကတော့ အာဟာရချို့တဲ့မှု၊ အဝလွန်မှု၊ လေ့ကျင့် ခန်း မရှိမှုတို့ဘဲဖြစ်ပါတယ်။  ဒီလို လူနေမှုပုံစံကို ရှောင်ရှားရန်လိုအပ်တယ်လို့ Siegel ကပြောပါတယ်။

   အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဥပဒေအရ ကျန်းမာရေးအာမခံချက်လည်းရရှိတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုများကို ပုံမှန်ပြုလုပ်ပေးနေပြီဖြစ် ရာ ရောဂါရှာဖွေစစ်ဆေးမှုများကိုလည်း ကုန်ကျစရိတ်မရှိဘဲ လုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်။ ကင်ဆာရောဂါ စတင်ဖြစ်ပွားနေသည်ကိုသိရှိတာနဲ့ တစ်ပြိုင်နက် အချိန်မီဆေးဝါး ကုသမှုခံယူခြင်းဖြင့် ကင်ဆာဝေဒနာသည် အများစုဟာ သေမိန့်ကျခံရသူမဟုတ်တော့ဘဲ ၅ နှစ်ကျော် အသက်ပိုမိုရှည်ခွင့်ရရှိနိုင်တဲ့ အလားအလာကောင်းများရှိနေပြီဖြစ်တယ် လို့ဆိုပါတယ်။

ပန်