အင်ဒိုနီးရှားနိုင်ငံတွင် ပြည်တွင်းဖြစ်ထုတ်ကုန်များအား ပိုမိုအားပေးဝယ်ယူစေရန် အမျိုးသားစားသုံးသူပွဲတော် ၂၀၁၅ ကျင်းပမည်

   အင်ဒိုနီးရှားနိုင်ငံတွင် ကုန်သွယ်ရေးဝန်ကြီးဌာန၊ စားသုံးသူကာကွယ်ရေးနှင့်စံချိန်စံညွှန်းဦးစီးဌာနမှကြီးမှူး၍ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် အမျိုးသားစားသုံးသူနေ့ကို ကျင်းပ ပြီး ပြည်တွင်းဖြစ်ထုတ်ကုန်များ၏အရေးပါပုံကို အလေးထားပြသသွားမည်ဖြစ်ပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံဒေသအတွင်း စားသုံးသူအများဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ ၂၅၃ သန်းရှိသဖြင့် ကမ္ဘာပေါ်တွင် စတုတ္ထလူဦးရေအများဆုံးနိုင်ငံဖြစ်ပါသည်။

  စားသုံးသူကာကွယ်ရေးနှင့်စံချိန်စံညွှန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြည်သူများအား အမျိုးသားရေးစိတ်ဓာတ်ခိုင်မာစေရေးနှင့် ပြည်တွင်းဖြစ်ထုတ်ကုန်များကို ပိုမို အားပေးဝယ်ယူကြရန်မျှော်လင့်ကြောင်း၊ ထိုသို့ဖြင့် ပြည်တွင်းကုန်စည်ဈေးကွက်ကို ထိန်းသိမ်းနိုင်ပြီး အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းက အင်ဒိုနီးရှားနိုင်ငံသားများအနေဖြင့် စီးပွားရေးဆိုင်ရာ အမျိုးသားရေးစိတ်ဓါတ်ရှိခြင်းဖြင့် အာဆီယံစီးပွားရေး အသိုက်အဝန်းကို ယှဉ်ပြိုင်နိုင်ရန် အသိဉာဏ်ပြည့်ဝလာမည်ဖြစ်ကြောင်း၊ အာဆီယံစီးပွားရေးအသိုက်အဝန်းကြောင့် အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ သွင်းကုန်ပစ္စည်းများ အများ အပြားဝင်ရောက်လာနိုင်သဖြင့် အင်ဒိုနီးရှားနိုင်ငံထုတ်ပစ္စည်းများကို ဝယ်ယူအားပေးလိုသည့် အသိစိတ်ဓါတ်မွေးမြူရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

   အင်ဒိုနီးရှားပြည်သူများအနေဖြင့် ပြည်တွင်းဖြစ်များကို ဝယ်ယူအားပေးခြင်းဖြင့် ထုတ်ကုန်များ၏ အရည် အသွေးသည်လည်းမြင့်တက်လာမည် ဖြစ်ကြောင်း၊ ယခုကျင်းပမည့် ၂၀၁၅ အမျိုးသားစားသုံးသူနေ့သည် စတုတ္ထအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး အဆိုပါနေ့တွင် ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပြည်တွင်းထုတ်ကုန်ုပြပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများကိုလည်း ကျင်းပမည်ဖြစ်ကြောင်းလည်းသိရှိရပါသည်။

မျိုးမျိုးထိုက်၊ စားသုံးသူရေးရာဌာနခွဲ