ကရင်ပြည်နယ်တွင် ဒေသစီးပွားဖွံ့ ဖြိုးတိုးတက်ရေးပညာပေးဆွေးနွေးပွဲများကျင်းပ

   ကရင်ပြည်နယ်အတွင်း ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ကရင်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှဦးဆောင်ပြီး ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပညာပေးဆွေးနွေးပွဲများအား မတ်လ ၉ ရက်နေ့ တွင် ဘားအံမြို့အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း ခန်းမတွင်လည်းကောင်း၊ မတ်လ ၁၂ ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်း ခန်းမတွင်လည်းကောင်းကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုသို့ ကျင်းပပြု လုပ်ခဲ့ရာတွင် မတ်လ ၉ ရက်နေ့ က ဘားအံမြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းခန်းမတွင် ဌာနဆိုင်ရာ များ၊ သင်တန်းသူများနှင့် စိတ်ပါဝင်စားသူများ အင်အား ၇၉ ဦးတက်ရောက်ခဲ့ပြီး မတ်လ ၁၂ ရက်နေ့ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအမျိုးသမီးသင်တန်းကျောင်းခန်းမတွင် သင်တန်းသူ များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းအင်အား ၆၃ ဦးတက်ရောက်ခဲ့ပါတယ်။

  ဒေသစီးပွားဖွံ့ဖြိုးတိုးတက်ရေးပညာပေးဆွေးနွေးပွဲများတွင် ကရင်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိုးသန်းအေးက ဆွေးနွေးပွဲ ကျင်းပရခြင်း ၏ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်း၊ အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသ (AFTA) နှင့် အာဆီယံအသိုက် အဝန်း (AEC) ဖော်ဆောင်မှုများအား ရှင်းလင်းဆွေးနွေး ခဲ့ပြီး ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းမြင့်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအကြောင်း သိကောင်းစရာများနှင့် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေထွန်းဝင်းက ပုဂ္ဂလိကစက်မှုလုပ်ငန်းများမှတ်ပုံတင်ရန် လုပ်ထုံးလုပ်နည်းများအကြောင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှပြန်လည်ရှင်း လင်းဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

သန်းဝင်း - ဘားအံ