2015 CAEXPO Tourism Exhibition ပြပွဲကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံတွင်ကျင်းပမည်

   ''2015 CAEXPO Tourism Exhibition” ပြပွဲကို ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ ကွေ့လင်မြို့တွင်ကျင်းပသွား မည်ဖြစ်ပါသည်။ နှစ်စဉ်ကျင်းပပြုလုပ်မည့် တရုတ်-အာဆီယံ EXPO Tourism Exhibition ပြပွဲ၏ပြပွဲကုန်ကျစရိတ်များကို အက္ခရာစဉ်အလိုက် အာဆီယံ ၁၀ နိုင်ငံ၏ Tourisms Departments နှင့် China Nation of Tourism Administration တို့မှ အလှည့်ကျ sponsor အဖြစ် ပူးတွဲကျခံရမည်ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် ပြပွဲအတွက် ဘရူနိုင်းနိုင်ငံမှ co-sponsor ဖြစ်ပါကြောင်းနှင့် “2015 CAEXPO Tourism Exhibition” ပြပွဲသို့ တက်ရောက်ရန် အာဆီယံနိုင်ငံများ၏ ခရီးသွားလုပ်ငန်းဌာနမှ အဆင့်မြင့်ကိုယ်စားလှယ်သုံးဦး အတွက် ကွေ့လင်မြို့၌ သုံးညအိပ် လေးရက်ခရီးစဉ်အတွင်းနေထိုင်စားသောက် သယ်ယူပို့ဆောင်ရေးစရိတ်များကို တရုတ်နိုင်ငံဘက်မှကျခံမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

ဥမ္မာကြူ  (IT)