ဟုမ္မလင်းမြို့တွင် သစ်သီးဝလံအခြေခံနည်းပညာသင်တန်းဖွင့်လှစ်

   စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ပံ့ပိုးမှု၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှကြီးမှူးစီစဉ်ကာ ရက်ကန်းနဲ့ အသက်မွေး ပညာသင်တန်းကျောင်း (မုံရွာ) တို့ပူးပေါင်းစီစဉ်မှုဖြင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် သစ်သီး ဝလံအခြေခံစားသောက်ကုန် ထုတ်လုပ်မှုနှင့် ဖျော်ရည်နည်းပညာပေး  သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဟုမ္မလင်းမြို့၊ မြို့နယ်အားကစားခန်းမမှာ မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီ က ကျင်းပခဲ့ပါတယ်။

   အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းရွှေ၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ အသေးစားကုန်ထုတ် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီအတွင်းရေးမှူး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးအောင်မောင်း၊ ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ ဦးဂိုဆွမ်းခိုင်နဲ့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ကလေးခရိုင်ဦးစီးမှူးနှင့် ကလေးခရိုင်လက်အောက်ရှိ မြို့နယ်များမှ မြို့နယ် တာဝန်ခံများ၊ သင်တန်းနည်းပြဆရာ/ဆရာမများ၊ အသင်းအဖွဲ့များနှင့်သင်တန်းသူ သင်တန်းသားများ စုစုပေါင်းအင်အား ၁၀၃ ဦးတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းရွှေ၊ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်အသေးစား ကုန်ထုတ်လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကုန်သွယ်မှုမြှင့် တင်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မောင်း၊ ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဂိုဆွမ်းခိုင်တို့က သင်တန်းနဲ့ပတ်သက်ပြီး အမှာ စကားများပြောကြားခဲ့ပါတယ်။

   သင်တန်းကို မတ်လ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာပြုလုပ်ခဲ့ပြီး၊ သင်တန်းသို့ ဟုမ္မလင်းမြို့နယ်ရှိ ရပ်ကွက်ကျေးရွာများမှ သင်တန်းသား/သူ ၄၆ ဦး၊ မုံရွာမြို့နယ်မှ ၃ ဦး၊ ဖောင်းပြင်မြို့နယ်မှ ၁၅ ဦး၊ ကလေးဝမြို့ နယ်မှ ၁ ဦး၊ မော်လိုက်မြို့နယ်မှ ၁ ဦး စုစုပေါင်း သင်တန်းသား/သူ ၆၆ ဦးတက်ရောက်ခဲ့ကြပါတယ်။ အဆိုပါသင်တန်းမှာ သစ်သီး ဝလံအခြေခံထွက်ကုန် ၁၆ မျိုးရဲ့ ထုတ်လုပ်မှုနည်းပညာများကို စာတွေ့လက်တွေ့သင်ကြားပေးခဲ့ပြီး သင်တန်းမှ ဇီးဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ရှားစောင်းလက်ပတ်ဖျော်ရည်၊ သံပုရာဖျော်ရည်၊ ခရမ်းချဉ်သီးဆော့စ်၊ မန်ကျည်းဆော့စ်၊ ခရမ်းချဉ်သီး အလုံးယို၊ ကျောက်ဖရုံယို၊ သင်္ဘောသီးချဉ်စပ်ယို၊ သင်္ဘောသီးအချိုယို၊ ဆီးသီးယို၊ မန်ကျည်းတော်ဖီ၊ ဂျယ် လီ (စတော်ဘယ်ရီ၊ ချောကလက်သံပုရာ၊ စပျစ်)၊ သံပုရာပေါင်း၊ စောင်းလျားသီးပေါင်းနဲ့ ပန်းသီးဝိုင်တို့ကို လက်တွေ့အသုံးချထုတ်လုပ်ခဲ့ပါတယ်။

   အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁၅ ရက်နေ့ ညနေ ၃နာရီမှာ ဟုမ္မလင်းမြို့နယ် အားကစားခန်းမမှာကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းရွှေ၊ ဟုမ္မလင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဂိုဆွမ်းခိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကလေးခရိုင် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသူ၊ သင်တန်းသားများနဲ့ဖိတ်ကြားထားသူများ စုစုပေါင်းအင်အား ၉၀ ဦးတက်ရောက်ခဲ့ပါတယ်။

သက်နိုင်-ဟုမ္မလင်း