မန်ကျည်းတင်ပို့မှုလျော့

   ပြည်ပနိုင်ငံများကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ကန်ဒေါ်လာ မတ် ၁ ရက်မှ ၇ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၃၃၂၆၀၉ ဒသမ ၉၉ တန်ဖိုးရှိ နနွင်း ၁၂၆၂ ဒသမ ၅၆ တန်ကို တင်ပို့ခဲ့ပါတယ်။

   ဒီသီတင်းပတ်မှာ မလေးရှားနိုင်ငံ ကို ၃၉၄ တန်၊ ပါကစ္စတန်နိုင်ငံကို ၆၉၈ ဒသမ ၀၆ တန်နဲ့   စင်ကာပူနိုင်ငံကို ၁၇၀ ဒသမ ၅ တန်တင်ပို့ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို အများဆုံးတင်ပို့ခဲ့တယ်လို့သိရပါတယ်။  ယခင်သီတင်းပတ်တင်ပို့မှုနဲ့ ယှဉ်ရင် ဒီတစ်ပတ်မှာ ၁၅၃၃ ဒသမ ၄၄ တန်တင်ပို့မှုလျော့ခဲ့တယ်လို့သိရပါတယ်။

သီတာဝင်း (DOT)