သထုံခရိုင်ရုံးတွင် အင်ဂျင်စက် ကိုင်တွယ်ထိန်းသိမ်းပြုပြင်မှုသင်တန်းဖွင့်

   မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် အများအပြားအသုံးပြုနေသော အင်ဂျင်စက် ကိုင်တွယ်ထိန်းသိမ်းပြုပြင်မှု လုပ်ငန်းစဉ်များအား အခြေခံကျကျ ဆောင်ရွက်နိုင်ခြင်းဖြင့် ၎င်းလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှအထောက်အကူပြုပေးနိုင်ရန် ရည်ရွယ်၍ အင် ဂျင်စက်ကိုင်တွယ်ထိန်းသိမ်းပြုပြင်မှုသင်တန်းအား မွန်ပြည်နယ်အစိုးရအဖွဲ့ ကျေးလက်ဒေသအသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ ကြီးကြပ် မှုဖြင့် မွန်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ဒုတိယမြောက်ဖွင့်လှစ်ကျင်းပသည့် အင်ဂျင်စက်ကိုင်တွယ်ထိန်းသိမ်းပြုပြင်မှုသင်တန်းဖွင့်ပွဲအခမ်းအနားကို၊ မတ်လ ၉ ရက်နေ့ နံနက် ၀၉း၀၀ နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန သထုံခရိုင်ရုံးတွင် ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။ ဖွင့်ပွဲအခမ်းအနားကို မွန်ပြည် နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မွန်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းဆရာများနဲ့ သင်တန်းသားများတက်ရောက်ကြောင်းသတင်းရရှိပါတယ်။ သင်တန်း နဲ့ ပတ်သက်၍စားရေး၊ သောက်ရေး၊ သင်ထောက်ကူ ပစ္စည်းအစုံအလင်နဲ့ လိုအပ်ချက်များကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ အကုန်အကျခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အသိအမှတ်ပြုလက်မှတ်လည်း ထုတ်ပေးသွားမှာဖြစ်ကြောင်းနဲ့ သင်တန်းကာလကို မတ်လ ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိ တစ်ပတ်ကြာ ပို့ချသွားမှာဖြစ်ကြောင်းလည်း သတင်း ရရှိပါတယ်။ အလားတူ အင်ဂျင်စက် ကိုင်တွယ်ထိန်းသိမ်းပြုပြင်မှုသင်တန်းကို၊ ဖေဖော်ဝါရီလ ၂၀  ရက်မှ ၂၆ ရက်ထိ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မွန်ပြည်နယ်ရုံးတွင် လည်း သင်တန်းသား ၄၀ ဦးဖြင့် ဖွင့်လှစ်ပို့ချပေးခဲ့ပြီးဖြစ်ကြောင်းလည်းသိရှိရပါတယ်။

စိုးမြင့် - မော်လမြိုင်