မော်လမြိုင်ကျွန်း ဆန်စပါးကုန်စည်ဒိုင်ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပ

   ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် မတ်လ ၉ ရက်နေ့ နံနက် ၁၀း၀၀ နာရီ က မော်လမြိုင်ကျွန်း ဆန်စပါးကုန်စည်ဒိုင် အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကျင်းပခဲ့ပါတယ်။

   အဆိုပါ အခမ်းအနားသို့ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်လတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မြောင်းမြခရိုင်၊ ခရိုင်ဦးစီးမှူး ဦးတိုးလွင်က မော်လမြိုင်ကျွန်းဆန်စပါးကုန်စည်ဒိုင်ဖွင့်လှစ်ရခြင်းနဲ့ ရည်ရွယ်ချက်နှင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊ အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာများကို ရှင်းလင်းခဲ့ပါတယ်။

   မော်လမြိုင်ကျွန်း ဆန်စပါးကုန်စည်ဒိုင် အလုပ်အမှုဆောင်အဖွဲ့ကို အလုပ်အမှုဆောင် ၁၅ ဦးဖြင့် အောင်မြင်စွာ ဖွဲ့စည်းဖွင့်လှစ်ခဲ့ပါကြောင်း၊ မော်လမြိုင်ကျွန်း ဆန်စပါးကုန် စည်ဒိုင်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဦးတုတ် (ခ) ဦးလှရွှေက မိတ်ဆက်စကားပြောကြားပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို  ညီညီညွတ်ညွတ် ပူးပေါင်းဆောင် ရွက်ကြရန် ဆွေးနွေးခဲ့ပါတယ်။

   ဆက်လက်ပြီး  ခရိုင်ဦးစီးမှူး ဦးတိုးလွင်က မော်လမြိုင်ကျွန်း ဆန်စပါးကုန်စည်ဒိုင်ဖွဲ့စည်းခြင်းမှာ ဧရာဝတီတိုင်းဒေသကြီး၏ ၁၂ ခု မြောက် ကုန် စည်ဒိုင်ဖြစ်ကြောင်းနဲ့ ရှေ့ ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုအကြံပြုဆွေးနွေးခဲ့ပါတယ်။ မော်လမြိုင်ကျွန်းဆန်စပါးကုန်စည်ဒိုင်ကို နာယက ၂ ဦး၊ အလုပ်အမှုဆောင် ၁၅ ဦး၊ အသင်းဝင် ၁၈ ဦး၊ စုစုပေါင်း ၃၅ ဦးဖြင့် စတင်ဖွဲ့စည်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။

လှထွဋ်ဦး