မြန်မာနိုင်ငံစားသုံးသူ ကြိုတင်ကာကွယ်ရေး ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရုံးခွဲဖွင့်

   မြန်မာနိုင်ငံ စားသုံးသူကြိုတင်ကာကွယ်ရေးအသင်းဥက္ကဋ္ဌ  ဦးဗအုပ်ခိုင် ဦးဆောင်သည့်အဖွဲ့သည်   မတ်လ ၁၂ ရက် နံနက်ပိုင်းတွင်  ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့သို့ရောက်ရှိခဲ့သည်။

   အဆိုပါအဖွဲ့သည် ထိုနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းစည်းရုံးရေးနှင့်ပညာရေးကော်မတီမှ ဆရာဘိုင်အို (ဦးဝင်းမြင့်) ကဦးစီး၍ ကူးသန်းရောင်း ဝယ်ရေးနှင့်   စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်  မြို့နယ်စည်ပင်သာယာမှတာဝန်ရှိသူများပူးပေါင်းကာ တောင်ကြီးမြို့  မြို့မဈေးရှိ ဈေးဆိုင်ခန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

   ထို့နောက် ဆက်လက်၍ မြန်မာ နိုင်ငံစားသုံးသူကြိုတင်ကာကွယ်ရေး ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့ရုံးခွဲဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။  အဆိုပါ အခမ်းအနားတွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ပြည်နယ်ဦးစီးမှူး ဦးစိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ မြန်မာနိုင်ငံစားသုံး သူကြိုတင်အကာအကွယ်ပေးရေးအသင်းဥက္ကဋ္ဌ   ဦးဗအုပ်ခိုင်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းစည်းရုံးရေးနှင့် ပညာရေးကော်မတီမှ ဆရာဘိုင်အို (ဦးဝင်းမြင့်)က စားသုံးသူကြိုတင်ကာကွယ်ပေးရေးနှင့်စပ်လျဉ်း၍  ရှင်းလင်းဆွေးနွေးဟောပြောသွားခဲ့ကြောင်းသတင်းရရှိပါသည်။

မေပွင့်ဖြူ  (တောင်ကြီး)