မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးသစ်ဖွင့်လှစ်

   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးကို မတ်လ (၁၁) ရက်နေ့မှာ စတင်ဖွင့်လှစ် ခဲ့ပါတယ်။ မွန် ပြည်နယ် ဦးစီးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားသို့  မွန်ပြည်နယ်  ဝန်ကြီးချုပ် ဦးအုန်းမြင့်၊  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးကြင်ဖေ၊ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင် နှင့်သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ အကြီးအကဲများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကူးသန်း ရောင်းဝယ်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ စားသုံးသူရေးရာဌာနခွဲ၊  ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြား လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။

   ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၁ ရက်နေ့ နံနက် ၀၈း၁၅ နာရီ တွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးအုန်းမြင့်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်နှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးစိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က စက်ခလုတ်နှိပ်ဖွင့်လှစ်ခဲ့ပါတယ်။ ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ကူးသန်းရောင်းဝယ် ရေးနှင့်စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ စားသုံးသူရေးရာဌာန ခွဲ  ညွှန်ကြားရေးမှူး ဦးခင်ဇော်နှင့် အခြားဌာနဆိုင်ရာ အကြီးအကဲများက မော်ကွန်းမှတ်တမ်းဆိုင်းဘုတ်အား အမွှေးနံ့သာများဖြင့်ပက်ဖျန်းခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြတဲ့ ဝန်ကြီးများအား စားသုံးသူရေးရာဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များ၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ စာအုပ်များနှင့် စားသုံးသူအကြောင်းသိကောင်းစရာစာအုပ်များ၊ လက်ကမ်းစာစောင်များကိုပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါတယ်။

စိုင်းအောင်ဖစ် (စားသုံးသူရေးရာဌာနခွဲ)