2014 Mercedez-Benz ML 350 ကို မြန်မာနိုင်ငံတွင်ပင် ဝယ်ယူရရှိနိုင်ပြီ

   ဇိမ်ခံကားအမျိုးအစားတွင် တစ်မျိုးအပါအဝင်ဖြစ်သည့် Mercedez-Benz ML 350 အား မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏   နံပါတ်တစ်အွန်လိုင်းကားအရောင်းအဝယ်ဈေးကွက်တစ်ခုဖြစ်သည့် Motor.com.mm နှင့် Mercedez-Benz Myanmar တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ၂၀၁၄ ခုနှစ် မော်ဒယ်အမျိုး အစားဖြစ်သည့်  Mercedez-Benz ML 350 အား စမ်းသပ်မောင်းနှင်ခြင်းကို ဖေဖော်ဝါရီလ ၅ ရက်ကပြုလုပ်ခဲ့သည်။

   အဆိုပါစမ်းသပ်ချက်အရ  Mercedez-Benz ML 350 ကားသည်  အလယ်အလတ်တန်းစား ဇိမ်ခံ SUV  အမျိုးအစားဖြစ်ပြီး Mercedez-Benz Myanmar  ၏အဆိုအရ အထက်တန်းစားနှင့် အလယ်အလတ်တန်းစား လူတန်းစားများအတွက်ရည်ရွယ်ကြောင်းသိရသည်။

   ယင်း Mercedez-Benz ML 350 အမျိုးအစားတွင် မော်တော်ယာဉ်ဆိုင်ရာ  အဆင့်မြင့်နည်းပညာများပါဝင်ပြီး မောင်းနှင်မှုအထောက်အကူပြုလုံခြုံရေးစနစ် မြင့်မားခြင်း၊ အင် ဂျင် စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ လောင်စာဆီစားသုံးမှုသက်သာခြင်းစသည့်  အချက်များအရပေးရသည့် တန်ဖိုးနှင့် ထိုက်တန်ကြောင်း Mercedez-Benz Myanmar က ပြောကြားခဲ့သည်။

   Mercedez-Benz ML 350 ကို ဝယ်ယူလိုပါက Mercedez-Benz Myanmar အရောင်းပြခန်း၊ အမှတ် (၅၁)၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ဖုန်း ၀၁ ၆၆၆၇၁၂၊ ၆၆၄၀၅၉ သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်းသိရသည်။

မယ်သီတာ