Safe Food From Safe Farm ဟူသည့် အော်ဂဲနစ်သီးနှံဈေးရောင်းပွဲကျင်းပမည်

   မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းအနေဖြင့် စားသုံးသူများ၏ ကျန်းမာရေးအတွက် လုံခြုံစိတ်ချရသော ဟင်းသီးဟင်းရွက်များကို မတ်လ ၁၄ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း ကန်တော်ကြီး မြေပဒေသာကျွန်းတွင်ရောင်းချရန်စီစဉ်ထားကြောင်းသိရသည်။

   အဆိုပါအစီအစဉ်ကို Safe Food From Safe Farm ဟူသည့် အမည်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။ ယင်းအစီအစဉ်ကိုပြုလုပ်ရခြင်းမှာ USAID, Winrock International, Farmer to Farmer Program, MEVPနှင့် MOGPA အသင်းတို့ ဖေဖော်ဝါရီလ၁၄ရက်နေ့ကပူးပေါင်းကျင်းပခဲ့သည့် ပထမအကြိမ် အော်ဂဲနစ်ဈေး ကွက် ဖော်ဆောင်ရေး နှင့် အလုပ်ရုံဆွေးနွေးပွဲမှရရှိလာသည့် နည်းပညာအတွေ့အကြုံ နှင့်ဆွေးနွေးပွဲရလဒ်များကို အခြေခံပြီးပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

   ထိုသို့ ရောင်းချပေးရာတွင် ဓာတုအဆိပ်ကင်းလွတ်သီးနှံများကို ဝယ်ယူစားသုံးလိုသူများနှင့် ရောင်းချလိုသူများအကြား နှစ်ဦးနှစ်ဖက်ယုံကြည်စွာဖြင့် ဘေးအန္တရာယ်ကင်း လွတ်စေရန် စည်းကမ်းများကိုထားရှိကြောင်းသိရသည်။

   အဆိုပါဈေးရောင်းပွဲတော်တွင် ရောင်းချလိုသူများသည် မိမိစိုက်ခင်းနှင့်သီးနှံများအား စစ်ဆေးမှုခံယူရမည် ဖြစ်ပြီး စစ်ဆေးပြီး သီးနှံခင်းမှထွက်ရှိသည့် ဟင်းသီးဟင်းရွက်များ ကိုအသင်း မှ သက်ဆိုင်ရာအမှတ်တံဆိပ်များ ကပ်နှိပ်၍ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

   ဓာတုကင်းလွတ်သည့် အော်ဂဲ နစ် သီးနှံများကို စိတ်တိုင်းကျဝယ်ယူ စားသုံး လိုသူများသည် မတ်လ ၁၄ရက် နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကန်တော်ကြီး မြေ ပဒေသာကျွန်းတွင် လာရောက်ဝယ်ယူနိုင်ပါကြောင်းသတင်းရရှိပါသည်။

မယ်သီတာ