MAPCO ၏ တန်းမြင့်ဆန်စက်များ မတ်လတွင် စတင်ဖွင့်လှစ်မည်
မြန်မာ့လယ်ယာစီးပွားအများပိုင်ကော်ပိုရေးရှင်း (MAPCO) သည် နေပြည်တော်ကောင်နယ်မြေ ပျဉ်းမနားမြို့နယ်၊ မယ်ဇလီကုန်းကျေးရွာတွင် အဆင့်မြင့်ပေါင်းဆန်တန် ၁၀၀ ကျဆန်စက်နှင့် တန်းမြင့်ဆန်ဖြူတန် ၁၂၀ ကျ ဆန်စက်များကို တည်ဆောက်လျက်ရှိကြောင်းသိရသည်။ အဆိုပါဆန် စက်များကို လာမည့် မတ် ၂ ရက်တွင် စတင်ဖွင့် လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။
MAPCO သည် နေပြည်တော်ကောင်စီနယ်မြေတွင် စပါးစိုက်ပျိုးသော တောင်သူများနှင့်အကျိုးတူပူးပေါင်း၍ ကန်ထရိုက်လယ်ယာလုပ်ငန်းစနစ်ကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
MAPCO အနေဖြင့် ကန်ထရိုက်လယ်ယာစနစ်ကိုဆောင်ရွက်လျက်ရှိသည့် တောင်သူများအတွက် စိုက်ပျိုးချိန်တွင် လိုအပ်သည့်စိုက်ပျိုးစရိတ်၊ မျိုး၊ မြေသြဇာနှင့် သွင်းအားစု များပံ့ပိုးပေးခြင်း၊ ထွန်စက်၊ ရိတ်သိမ်းခြွေလ့ှစက်များနှင့် ဝန်ဆောင်မှုပေးခြင်းတို့ကို ယခုနှစ် ဇန်နဝါရီလအတွင်းက စတင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းသည် MAPCO မှ နေပြည်တော်တွင် တည်ဆောက်လျက်ရှိသည့် ဆန်စက်အတွက် အရည်အသွေးကောင်းစပါးများ စုဆောင်းရရှိနိုင်သည့် Win-win နည်း လမ်းတစ်ခုလည်းဖြစ်ကြောင်းသိရသည်။
''နေပြည်တော်မှာရှိတဲ့အဆင့်မြင့် ဆန်စက်၊ ပေါင်းဆန်စက်နဲ့အဆင့်မြင့် ဆန်ဖြူကြိတ်ခွဲစက်ရုံတွေကို လာမယ့် တောင်သူလယ်သမားနေ့မှာဖွင့်လှစ်မှာပါ။ တောင်သူလယ်သ မားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အဲဒီနေ့အမီ ဘပြီးစီးအောင် လုပ်ဆောင်လျက်ရှိပါတယ်။ အဲဒီဆန်စက်ကနေ တောင်သူလယ်သမားတွေ အတွက်ရော၊ နိုင်ငံအတွက်ရော၊ ဆန်စပါးကဏ္ဍအတွက်ပါ အကျိုးဖြစ်ထွန်းလာနိုင်ပါတယ်''ဟု MAPCOမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မယ်သီတာ