ပြည်ပနိုင်ငံသားများ လာရောက်လေ့လာမည့် ကျုံပျော်-ရေကြည်-ငါးသိုင်းချောင်းမြို့နယ်များတွင် ကြိုတင်ကွင်းဆင်းဆောင်ရွက်မှုများပြုလုပ်

   ၂၀၁၅ ခုနှစ်၊ မတ်လတွင် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင်များသည် နိုင်ငံခြားဈေးကွက်အလားအလာရှိသော ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ငှက်ပျောစိုက်ပျိုးရေးလုပ် ငန်း၊ ရေကြည်-ငါးသိုင်းချောင်းမြို့နယ်များရှိ ကြိမ်၊ ဝါး၊ ဗေဒါ၊ လက်မှုလုပ်ငန်းများကို လာရောက်လေ့လာလိုသည့်အတွက် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ကြိုတင်လေ့ လာသိရှိနိုင်ရန် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နော်မူတာကပေါ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြစိန်နဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၂၃ ရက်က ကျုံပျော်-ရေကြည်-ငါးသိုင်းချောင်းမြို့နယ်များသို့ရောက်ရှိခဲ့ပါတယ်။

   ထိုသို့ ရောက်ရှိခဲ့ရာတွင် ပုသိမ်မြို့ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ အပြည် ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဌာနခွဲမှ ဦးစီးအရာရှိ ဦးစိုး ဦး၊ ရေကြည်မြို့နယ် တာဝန်ခံ၊ ကျုံပျော်မြို့နယ်တာဝန်ခံတို့ ပူးပေါင်းပါဝင်လျက် ရေကြည်- ငါးသိုင်းချောင်းမြို့နယ်များရှိ ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းရှင်များနဲ့တွေ့ဆုံပြီး လုပ်ငန်းခွင်သို့သွားရောက်၍ လုပ်ငန်း၏လိုအပ်သည့် အားသာချက်၊ အားနည်းချက်များ၊ ပြည်ပနှင့် ချိတ်ဆက်ရောင်းဝယ်ရမည့် ကိစ္စရပ်များနှင့် ဈေးကွက်ဝင်အောင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေး စိတ်ဆွေးနွေးခဲ့ပါတယ်။

  ဆက်လက်၍ ကျုံပျော်မြို့နယ်၊ ရေသိုးလေးကျေးရွာသို့သွားရောက်ပြီး လက်ရှိစိုက်ပျိုးနေတဲ့ ငှက်ပျောစိုက်ခင်းများကို သွားရောက်လေ့လာ၍ ဂျပန်လုပ်ငန်းရှင်များ လာရောက် ပါက ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း ဒေသခံ ငှက်ပျောစိုက်တောင်သူများနဲ့ ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

မင်းမင်းဦး (ပုသိမ်)