စစ်ကိုင်းတိုင်းဒေသကြီး TPIS ပြခန်းသို့ အိန္ဒိယကောင်စစ်ဝန်ရုံး (မန္တလေး) မှ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများလာရောက်တွေ့ဆုံဆွေးနွေး

   ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန မုံရွာမြို့နယ်တာဝန်ခံရုံးရှိ စစ်ကိုင်းတိုင်းဒေသကြီး TPIS ပြခန်းသို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ရုံး (မန္တလေး)မှ မစ္စတာဟာဆန် မူလာသည် ကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းဌာန၏လုပ်ငန်းများ နယ်စပ်ကုန်သွယ်ရေး ကိစ္စများဆွေးနွေးရန် ဖေဖော်ဝါရီ လ ၂၄ ရက်နေ့က စစ်ကိုင်းခရိုင်ဦးစီးမှူး၊ မုံရွာမြို့နယ် တာဝန်ခံတို့အားလာရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

  မစ္စတာဟာဆန်မူလာသည် စကားပြန် ဒေါ်လ်တာသစ်ဆင်းနှင့်အတူလာရောက်ဆွေးနွေးရာ၌   အိန္ဒိယကောင်စစ်ဝန်ကိုယ်စားလာရောက် လေ့ လာဆွေးနွေးခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် အနီးရှိမိုရေးနယ်စပ်မှတစ်ဆင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် ဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်များ၊ နှစ်နိုင်ငံလုပ်ငန်း ရှင်များ အကျိုးတူပူးပေါင်း၍ လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ချက်များ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စများ အထူးသဖြင့် ပဲမျိုးစုံ၊ နှမ်းနဲ့ စားဖိုဆောင်သုံး သီးနှံများ သရက်၊ ဖရဲနဲ့ သခွားမွှေးစတဲ့ သစ်သီးဝလံများ လက်ရှိ မူဆယ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်ပြည်သို့တင်ပို့နေမှုအခြေအနေများ၊ မိုရေးနယ်စပ်မှ တင်ပို့နိုင်မှုအလားအလာများ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှ  ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မယ့် လုပ်ငန်းရပ်များကို အလွတ်သဘော ရင်းနှီးပွင့်လင်းစွာမေးမြန်းခဲ့ရာ ခရိုင် ဦးစီးမှူးနဲ့ မုံရွာမြို့နယ်တာဝန်ခံတို့မှ အသေးစိတ်ရှင်းလင်းခဲ့ကြောင်းသိရပါတယ်။

  ထို့နောက် အိန္ဒိယကောင်စစ်ဝန် ရုံးကိုယ်စားလှယ်က ယခုဆွေးနွေးပွဲမှသိရှိသမျှကို မန္တလေးရှိ အိန္ဒိယကောင်စစ်ဝန်ထံပြန်လည်တင်ပြမှာဖြစ်ပြီး အိန္ဒိယမြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့အား ပူးပေါင်းကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံခဲ့ကြောင်းသိရပါတယ်။

ထွန်းလှိုင် (မုံရွာ)